Surprise Fanart Gift For Drarry Couple

2.3K 229 19
                                    

Bin Binပြောတဲ့ surpriseလေးက ဘာမှထူးထူးခြားခြားကြီးတော့ မဟုတ်ပါဘူး။ စာရေးသက်နှစ်နှစ်မှာ ပထမဆုံးလက်ဆောင်ရဖူးတဲ့ Chibi fanartလေး လာကြွားတာပါ။

တကယ်တော့ Christmas နေ့မှာ Potter-Malfoy Familyရဲ့ အင်တာဗျူးလေးတင်ပေးချင်ပေမဲ့ မေးခွန်းလေးတွေမစုံသေးလို့ New Yearမတိုင်ခင် တင်ပေးပါ့မယ်နော်။

ဒါဆို Chibiလေးအကြောင်း ဆက်ပြောရအောင်။

အောက်က Chibiလေးက ချစ်စရာမကောင်းဘူးလား။ Drarryအတွဲရဲ့ နောက်ပိုင်းမှာဖြစ်လာမဲ့ ပုံစံကို readerမမတစ်ယောက်က ကြိုတွေးပြီး Chibiလေးကို လက်ဆောင်ပေးတာပါတဲ့။(မွေးနေ့မှာ SGမရလို့ဆိုပြီး သူ့ကိုသွားဂျီကျနေတဲ့ Bin Binကို သည်းမခံနိုင်တော့လို့လည်း ဖြစ်မှာပါ🤣🤣🤣)

Dracoကြီးကလည်း Harryကို ရင်ခွင်ထဲဖက်ထားတယ်။ Harryပေါက်စကလည်း သူ့ယောက်ျားကိုမှီထားပြီး မော့ကြည့်နေလိုက်တာများ ဘေးကမြင်ရတဲ့ Bin Binပါ အားကျသွားတယ်😁😁😁။ အကြည့်တွေကလည်း အသက်ပါလွန်းတယ်။ Bin Binကတော့ ရကတည်းက တစိမ့်စိမ့်ထိုင်ကြည့်နေတာ😁😁။ သူတို့နှစ်ယောက်ပုံက ချစ်စရာလည်းကောင်းတယ်။ အသည်းတွေလည်း ယားစရာလေးရယ်။

ဒီချစ်စရာ Chibiလေးကတော့ Artist Soraရဲ့လက်ရာလှလှလေးလည်း ဖြစ်ပါတယ်။ ဆွဲပေးတဲ့ Artistမမကိုလည်း ကျေးဇူးတင်ပါတယ်။ Bin Binဂျီကျသမျှကို သည်းခံပြီး fanartမှာပေးတဲ့ readerမမကိုလည်း ကျေးဇူးတင်ပါတယ်။ ချစ်လည်းချစ်ပါတယ်လို့။ Bin Binကတော့ စာရေးသက်နှစ်နှစ်မှာ ပထမဆုံးရတဲ့ လက်ဆောင်လေးမလို့ အရမ်းကိုပျော်နေရပါတယ်။ Readerမမက Bin Binအတွက် မွေးနေ့လက်ဆောင်ကော၊ Christmas လက်ဆောင်အဖြစ်ပါ ပေးခဲ့တာပါ။ တအားပျော်တာပဲ။သိလား။

ဒါနဲ့ Christmasညလေးမှာ ဒါဒါတို့အားလုံးပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။ မိသားစုနဲ့ပျော်ပျော်ရွှင်ဖြတ်သန်းရပါစေရှင်။ အရမ်းလည်းအေးတာမလို့ ကျန်းမာရေးဂရုစိုက်ပြီး နွေးနွေးထွေးထွေးနေကြပါရှင်။

(ဒါနဲ့ အင်တာဗျူးမှာ မိသားစုငါးယောက်စလုံးကို ထည့်မေးစေချင်တဲ့ မေးခွန်းတွေရှိရင်လည်း commentမှာ မေးထားလို့ရပါတယ်နော်။ Harryကိုလည်း မေးခွန်းမေးလို့ရတယ်။ Dracoကိုလည်း မေးလို့ရတယ်။ Scorpiusကိုလည်း မေးလို့ရသလို Albusကိုလည်း မေးလို့ရတယ်။ Lilyကိုလည်း မေးလို့ရသလို မိသားစုငါးယောက်စလုံးကိုလည်း မေးလို့ရပါတယ်ရှင်။)

My Rival Becomes My Husband Dove le storie prendono vita. Scoprilo ora