Part Twenty-Three (Unicode)

3.4K 332 63
                                    

"အင်း..ပြော။"

"သခင်...ဟိုမိန်းမသေသွားပါပြီ။ ကိုယ့်ဘာသာအဆုံးစီရင်သွားတာပါ။"

"အင်း..ကောင်းပြီ။ တာဝန်ကျေတယ်။"

ဧည့်ခန်းကျယ်ကြီးထဲတွင် ထိုင်နေသူ Malfoyသခင်လေးမှာ ဖုန်းတစ်ခုကိုလက်ခံရရှိပြီးနောက် ခပ်တင်းတင်းစေ့ထားသည့် နှုတ်ခမ်းတွေသည် မဲ့ပြုံးကိုဆင်မြန်းလိုက်၍ အပေါ်သို့ကော့တက်သွားသည်။ ထို့နောက် ထရပ်လိုက်ပြီး မီးဖိုခန်းဘက်ကိုလျှောက်လာရာ ကလေးတွေနဲ့ရယ်သံတွေနှင့်အတူ လိုက်ရယ်မောနေသည့် ခပ်လွင်လွင်အသံလေးကိုပါကြားလိုက်ရတော့သည်။

"ဟီး..ဟီး..Papa!! မီးမီးမျက်နှာကို မသုတ်ပါနဲ့တော့!"

"ဘာလို့လဲ? Lilyရဲ့မျက်နှာကို Papaက မိတ်ကပ်လိမ်းထားသလို လုပ်ပေးနေတာလေ။ မကြိုက်လို့လား?"

"ထောက်ခံတယ်! ထောက်ခံတယ်!! Papa...အငယ်မရဲ့မျက်နှာကို ဖွေးနေအောင်လုပ်ပစ်! အ! ကိုကို!!"

"Alလေးတော့ လှသွားပြီ။ မျက်နှာဖွေးဖွေးလေးနဲ့။"

ပေါင်မုန့်လုပ်ဖို့ဂျုံနယ်ကြမယ်ဆိုပြီး အခုလိုဗြောင်းဆန်အောင်သောင်းကြမ်းနေကြသည့် သားအဖ၄ယောက်အား Dracoအတော့်ကို လက်လန်ရသည်။ သူတို့လုပ်လို့ မီးဖိုခန်းတစ်ခုလုံးလည်း ဂျုံမှုန့်တွေနှင့်ပွစာကြဲနေသလို 'အရသာရှိတဲ့ပေါင်မုန့် စားရတော့မည်'ဆိုသည့် Dracoရဲ့အတွေးသည်လည်း အကောင်အထည်ပေါ်လာဖို့ လမ်းစမမြင်တော့ချေ။ ဘာပဲဖြစ်ဖြစ် Potterရဲ့အပြုံးတွေကို ပြန်မြင်လာရ၍ Dracoစိတ်သက်သာရာရမိသည်။ ရင်သွေးလေးဆုံးရှုံးပြီးကတည်းက Potterသည်တစ်ပတ်လောက် အခန်းအောင်းသွားပြီး အကုန်လုံးနှင့်အဆက်အသွယ်ဖြတ်ထား၍ Dracoရော၊ ကလေးတွေပါ စိတ်ပူခဲ့ရသော်လည်း သိပ်မကြာခင်မှာ အဆက်အသွယ်ပြန်လုပ်လာသလို စိတ်အခြေအနေလည်း အဆင်ပြန်ပြေလာတာကြောင့် Dracoရဲ့စိတ်တွေ သက်သာရာရပြန်သည်။

သူနှင့်Potterတို့ရဲ့ စတုတ္တမြောက်ရင်သွေးလေးကို ဆုံးရှုံးစေခဲ့သည့် Potterရဲ့မွေးစားအစ်မဖြစ်သူ Megan Millerအား Dracoပေးခဲ့သည့်အပြစ်ဒဏ်မှာ နှိပ်စက်တာလည်းမဟုတ်သလို သတ်ပစ်ခဲ့တာလည်းမဟုတ်ချေ။ Megan Millerသည်လောင်းကစားကိုခုံမင်၍ အကြွေးပတ်လည်ဝိုင်းနေသူဖြစ်ရာ သူ(မ)ရဲ့အကြွေးရှင်ထဲတွင် မှောင်ခိုဂိုဏ်းတစ်ခုက ခေါင်းဆောင်လည်းပါဝင်လေသည်။ သို့ပေမဲ့ ထိုမှောင်ခိုဂိုဏ်းသည် Dracoရဲ့အာဏာကိုတော့ ကြောက်ရွံ့ရသလို Dracoရဲ့လက်အောက်ခံလည်းဖြစ်သည်။ Dracoသည်ရိုးရိုးရှင်းရှင်းလေးပင် Megan Millerအား အကြွေးရှင်ဖြစ်သည့် ထိုမှောင်ခိုဂိုဏ်းခေါင်းဆောင်ဆီ အပိုင်ပေးလိုက်ပြီး စိတ်ရှိသလိုအသုံးပြုဖို့ပါ အမိန့်ပေးခဲ့သည်။

My Rival Becomes My Husband Where stories live. Discover now