Part Fifteen (Unicode)

4.2K 411 97
                                    

အင်္ဂါနေ့ ညအချိန်တွင်ဖြစ်သည်။ အိပ်ရာထဲမှာပဲ နားနေရသည့် Lucius Malfoyအတွက် Harryဟာဆန်ပြုတ်လေး ပြုတ်ပေးလိုက်ပြီးမှ အိပ်ခန်းထဲပြန်ဝင်လာလိုက်သည်။

အခန်းထဲမှာတော့ Malfoyဟာ sofaမှာထိုင်ရင်း Laptopဖြင့် အလုပ်လုပ်နေပုံပေါ်ပြီး စာကြည့်မျက်မှန်တစ်ခုကိုတပ်ထားလေသည်။ လေးထောင့်ဆန်ဆန်ငွေမျက်မှန်ကိုင်းတွေသည် ငွေမှင်ရောင်ဖီးနစ်မျက်ဝန်းတွေကို ဘောင်ခတ်ထားသည်မှာလည်း တစ်မျိုးကြည့်ကောင်းလှပြန်၍ Harryမှာ အလုပ်လုပ်နေသည့် Malfoyအား အကြာကြီးငေးကြည့်မိသွားသည်။

'ယောက်ျားတွေရဲ့ အခန့်ညားဆုံးအချိန်က အလုပ်လုပ်နေတဲ့အချိန်ဆိုတာ တကယ်မှန်တာဘဲ။ ကြည့်ကောင်းလိုက်တာ...အဲ...ငါဘာတွေတွေးနေမိပြန်တာလဲ?! ငါလည်းပဲ မှော်လောကတုန်းက ခန္ဓာကိုယ်နဲ့ဆိုရင်လည်း အလုပ်လုပ်နေရင် ကြည့်ကောင်းမှာပဲကို။ တကယ်ပဲ...ဒီကိုယ်က ထွားမလာနိုင်တော့ဘူးလားလို့!!!'

"Potter? တစ်ခုခုလိုအပ်လို့လား?"

Malfoyက အလုပ်လုပ်နေရာကနေ Harryကို မော့ကြည့်လာပြီး နှာခေါင်းပေါ်လျှောကျနေသည့် မျက်မှန်ကို ပြန်တွန်းတင်လျက်မေးလာသည်။

"မလိုပါဘူး။ ဒီတိုင်း..မင်းကိုမျက်မှန်နဲ့ မမြင်ဖူးလို့ပါ။"

"ဒါက..Laptopကြည့်မှသုံးတဲ့ မျက်မှန်ပါ။ ငါ့မျက်လုံးတွေ မပျက်စီးအောင်လို့ပေါ့ကွာ။"

Harryက မျက်နှာကိုမဲ့လိုက်ပြီး

"ဟွန်း...ငါ့လိုလေးလုံးမဖြစ်ချင်ဘူးပေါ့။ ဟုတ်ပါတယ်လေ။ မျက်မှန်တပ်ရတာ မကောင်းပါဘူး။ မျက်မှန်လွတ်သွားရင် အရာအားလုံးက ဝါးနေတာပဲ။ အနီးမြင်သေးတာကိုပဲ ကျေးဇူးတင်ရမယ်။"

"ရွှေကိုင်းမျက်မှန် ပြန်တပ်ထားလေ။ အဲ့မျက်မှန်က မှန်ကော၊ ကိုင်းကော အကောင်းစားတွေပဲကို။"

"ငါမင်းဆီက ဘာမှမယူတော့ပါဘူးဆိုနေ။"

Malfoyရဲ့စကားကို ပြန်ဖြေရင်း Harryကစာကြည့်စားပွဲခုံလေးမှာ ဝင်ထိုင်သည်။ Harryနဲ့အတူနေကတည်း Harryစာလုပ်လို့ရအောင် စာကြည့်စားပွဲတစ်လုံးကိုပါ Malfoyကထည့်ပေးထားလေသည်။ Harryလည်း ကိုယ်ပိုင်Laptopကိုဖွင့်ကာ Presentationလုပ်ဖို့အတွက် power pointတစ်ခုကို ပြင်ဆင်နေစဥ်

My Rival Becomes My Husband Where stories live. Discover now