Part Twenty-One (Unicode)

3.6K 362 64
                                    

ဆောင်းရာသီကာလဖြစ်၍ နေရောင်ခြည်နွေးနွေးတို့သည် မနက်၉နာရီကျော်လောက်မှ ပြတင်းပေါက်မှနေ၍ အိပ်ခန်းလေးအတွင်းရှိ ကုတင်ပေါ်တွင် တစ်ဦးနှင့်တစ်ဦး တင်းကြပ်စွာဖက်တွယ်ထားရင်း အိပ်ပျော်နေသည့် လူရွယ်လေးနှစ်ဦးပေါ်ကိုဖြာကျလာလေသည်။ ထိုလူရွယ်လေးနှစ်ဦးထဲမှ နက်မှောင်နေသည့် ဆံနွယ်ရှည်တွေပိုင်ဆိုင်ထားသည့် လူရွယ်လေးမှာ လှုပ်စိလှုပ်စိနှင့်လှုပ်လာပြီး ဘေးနားမှာအိပ်နေသည့် လူရွယ်ရဲ့ရင်ဘက်ပေါ်ကို ခေါင်းတင်လို့ ပြန်လည်ငြိမ်သက်သွားပြန်သည်။ ဘေးတစ်စောင်းဖြစ်သွား၍ ရွှေဝါရောင်သမ်းနေပြီး နီရဲနေသည့်ကိုက်ရာအချို့နှင့် အမှတ်အသားများစွာတို့နှင့်ပြည့်နှက်နေသည့် ကျောပြင်ငယ်လေးမှာ ခြုံထားသည့်စောင်အောက်ကနေ ပေါ်ထွက်လာတော့သည်။ နက်မှောင်နေသည့် ဆံနွယ်ရှည်တွေကလည်း ကျောပြင်လေးပေါ်မှာ ဖြန့်ကြဲနေသဖြင့် အလွန့်ကိုလှပလွန်းသည့် မြင်ကွင်းတစ်ခုပင်။

"အင်း..."

ဆံနွယ်အရှည်နှင့် လူရွယ်လေးသည် အင်းအဲအသံလေးပြုလို့ တဖန်ပြန်လှုပ်ရှားလာပြန်ရာ ဘေးရှိငွေမှင်ရောင်ဆံနွယ်ခပ်တိုတိုနှင့် လူရွယ်က တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်ပြီး ဆံနွယ်အရှည်နှင့် လူရွယ်လေးရဲ့ နားထင်ကိုခပ်ဖွဖွနမ်းရှိုက်လို့ ကျောလေးကိုပုတ်ပေးလိုက်သည်။

"ပြန်အိပ်လိုက်ဦး။"

"အင်း..."

လှုပ်နေသည့်လူရွယ်လေးမှာ သြရှရှစကားသံအဆုံးတွင် ပြန်လည်ငြိမ်သက်သွားတော့သည်။ ငွေမှင်ရောင်ဆံနွယ်တွေနှင့် လူရွယ်ကလည်း သူတို့နှစ်ဦးရဲ့ ခါးတစ်ဝိုက်မှာရောက်နေသည့် စောင်ကိုဆွဲယူလို့ နှစ်ဦးစလုံးအပေါ်ကို လွှမ်းခြုံလိုက်တော့သည်။  သို့ဖြစ်၍ အခန်းလေးသည်လည်း တိတ်ဆိတ်မှုတို့ဖြင့် ထပ်မံကြီးစိုးသွားပြန်တော့သည်။
.....................
"ဘာလို့ Papaနဲ့Daddyက ဆင်းမလာသေးတာလဲ?! ၁၀နာရီတောင် ထိုးတော့မှာကို!!!"

ဘဲလေးအကသင်တန်းချိန်ပြီးသည်အထိ မျှော်နေသည့်သူ(မ)Daddyနဲ့ Papaတို့ကိုမမြင်ရသေးသည့်အတွက် Lily Malfoyတစ်ယောက်စူပုတ်နေလေပြီ။ ဧည့်ခန်းထဲကsofaမှာ လက်ပိုက်လျက်ထိုင်နေရင်း မေးခွန်းပါသည့်အကြည့်စူးစူးတွေဖြင့် သူ(မ)တို့ကိုကြည့်နေသည့်  မြေးအငယ်ဆုံးမလေးကြောင့် Malfoyဇနီးမောင်နှံတို့မှာ ခေါင်းခဲလာကြသည်။

My Rival Becomes My Husband Where stories live. Discover now