Part Twenty-Four (Unicode)

3.1K 324 74
                                    

Dracoသည် Senior Tom Riddleနှင့်အတူ မှန်တွေနှင့်လုပ်ထားသည့် လှေကားပေါ်ကို တက်လာခဲ့သည်။ သူတို့လက်ရှိသွားနေသည်က မြေအောက်မှာတည်ဆောက်ထားသည့် C.T.Sဗဟိုဌာနချုပ်ရဲ့ အပေါ်ဆုံးအထပ် ဥက္ကဌဖြစ်သူရဲ့အခန်းဆီသို့ဖြစ်သည်။

"ကျွီ!!"

ကျွန်းတံခါးမကြီးကိုတွန်းဖွင့်လိုက်တော့ ကျယ်ပြန့်ပြီးခမ်းနားလှသည့် အခန်းကျယ်ကြီးကို မြင်တွေ့လိုက်ရသည်။ အခန်းရဲ့ကြမ်းပြင်တွေသည် ကြည်လင်နေသော စကျင်ကျောက်နှင့်ပြုလုပ်ထားပြီး နံရံတွေသည်လည်း စကျင်ကျောက်သားတွေပင်။ မြေအောက်မိုင်ပေါင်းများစွာမှာ ဒီလိုအခန်းမျိုးမရရအောင် ဆောက်လုပ်ပေးခဲ့သည့် သိပ္ပံပညာရှင်နှင့် Engineerများမှာ အလွန်ပင်လေးစားစရာကောင်းလှပေသည်။

Dracoသည် လွန်ခဲ့သော၇နှစ်ကပုံစံနှင့် အနည်းငယ်သာကွာခြားသွားသည့် အခန်းကိုလှည့်ပတ်ကြည့်ရင်း

"သိပ်တောင်မပြောင်းလဲသွားဘူးပဲ။"

"အင်း...ဒုဥက္ကဌကို ပစ်သတ်ခဲ့လို့ ဒီအခန်းထဲမှာပဲ မင်းအရေးယူခံခဲ့ရသလို ဒီအခန်းထဲမှာပဲ မင်းကိုယ်တိုင် မင်းရဲ့အဖွဲ့ဝင်နံပါတ်ပြားကို နှစ်ပိုင်းချိုးပစ်ခဲ့ပြီး မင်းရဲ့အဖွဲ့ဝတ်စုံကိုပါဆုတ်ဖြဲရင်း အဖွဲ့ကနေနှုတ်ထွက်ခဲ့ကြောင်း အနားယူသွားပြီဖြစ်တဲ့ ဥက္ကဌ Grindelwaldကို မင်းပြောခဲ့တာလေ။ အချိန်တွေက ခဏလေးလိုပဲနော်။ မျက်စိတစ်မှိတ်အတွင်းမှာ ငါတို့ရဲ့ လက်ရွေးစင်တပ်သားလေးက ကလေး၃ယောက်အဖေဖြစ်ရုံမကပဲ ယောက်ျားချောချောလေးပါ ရသွားတာပဲ။"

"အားကျလို့လား...Senior?"

"အဲ့လောက်လည်း မဟုတ်ပါဘူး။"

"အာ...ရောက်ပြီလား? နည်းနည်း နောက်ကျသွားတယ်ကွာ။"

စကားပြောနေကြသည့်Dracoတို့နှစ်ဦးသည် နောက်ထပ်စကားသံကိုပါကြားလိုက်ရ၍ အသံလာရာကိုကြည့်မိကြတော့ ပခုံးကျော်နေသည့်  မည်းနက်နေသော ဆံနွယ်ခပ်လိမ်လိမ်တွေနှင့် ယောက်ျားတစ်ဦးသည် စျေးကြီးကြီးအရက်ပုလင်းတစ်လုံးကို ကိုင်ဆွဲလျက် အခန်းရဲ့အတွင်းထဲမှထွက်လာသည်။ ထိုသူကိုမြင်တော့ Dracoရဲ့မျက်ခုံးတွေက စုကြုံ့သွားပေမဲ့ Senior Tom Riddleကတော့ ခေါင်းတစ်ချက်ညွတ်လျက် နှုတ်ဆက်စကားဆိုသည်။

My Rival Becomes My Husband Where stories live. Discover now