Part Seven (Unicode)

4.1K 506 73
                                    

နောက်တစ်နေ့မှာ အိမ်စာပေးသည့် စာတမ်းရေးမလာမိ၍ Harryတစ်ယောက် အပြစ်ပေးခံရတော့သည်။
အပြစ်ပေးခံရသည်မှ လွဲ၍ ကျောင်းတက်ရသည့် တစ်နေ့တာလုံးသည် အဆင်ပြေချောမွေ့နေသည်။

Harryဟာ မနေ့ကအတိုင်းပင် Hermioneအား ဖိုင်တွေကူသယ်ပေးကာ Ronဆီလိုက်ပို့ပေးပြီး နှုတ်ဆက်စကားပြောလိုက်သည်။

"မနက်ဖြန်တွေ့တာပေါ့...Hermione....Ron။"

"Bye...Harry!!!"

ချစ်သူနှစ်ဦးကလည်း Harryကိုပြန်နှုတ်ဆက်သည်။ထို့နောက် Busကားမှတ်တိုင်ဆီကို အသွားမှာတော့ ချာတိတ်သုံးယောက်က လွယ်အိတ်လေးတွေလွယ်လို့ ရပ်နေကြသည်။

"မင်းတို့...ဘာလာလုပ်နေကြတာလဲ?"

"အစ်ကိုကြီးကို လာကြိုတာလေ။ကျွန်တော်တို့ ကျောင်းက ဒီနားလေးတင်။အစ်ကိုကြီးကို လာကြိုပြီး ဆိုင်ကိုတူတူသွားကြမယ်လေ။"

Austinက သွက်လက်စွာဖြေပြီး ကျန်နှစ်ယောက်က ခေါင်းညိတ်သည်။Harryလည်း စကားအများကြီး မပြောချင်တာမလို့ ချာတိတ်တွေအား

"သဘောပဲ....ကြိုက်တာလုပ်ကြ။"

ဟုပြောပြီး Busကားပေါ်တက်တော့ ချာတိတ်တွေက အနောက်ကနေ လိုက်တက်ကြသည်။

ထိုနေ့မှစ၍ Harryမွာ ဘယ်သွားသွား ဘဲပေါက်လေးတွေလို အနောက်ကပါတတ်သည့် ချာတိတ်သုံးကောင်ကို ကောက်ရလိုက်ပြီး Cafeဆိုင်ပိုင်ရှင် Ms.Maryကေတာ့ ပိုက်ဆံမပေးရပဲ အလုပ်ခိုင်းလို့ရသည့် အလုပ်သမား၃ယောက်ကို အလကားရလိုက်တော့သည်။

သောကြာနေ့တွင် Harryသည် ထုံးစံအတိုင်း Cafeတွင်အလုပ်လုပ်နေသည်။ချာတိတ်၃ယောက်ကတော့ ကျောင်းအိမ်စာတွေမပြီးသေးတာကြောင့် Harryကိုမကူနိုင်သေးချေ။ထောင့်ကျသည့် ဝိုင်းတစ်ဝိုင်းမှာ ထိုင်နေကြပြီး အိမ်စာရေးနေကြသည်။

"မှာထားတဲ့ Milk teaနဲ့ Strawberry Milk-shakeရယ် Cheese cakeနဲ့ Honey cakeပါ။"

ကျောင်းသူလေး နှစ်ဦးရဲ့ဝိုင်းကို မုန့်တွေချပေးပြီး ပြုံးပြလိုက်တော့

"အား!!!ချစ်စရာလေး!!!ဓာတ်ပုံရိုက်လို့ ရမလားဟင်?အရုပ်ကလေးနဲ့ တူလို့!!"

My Rival Becomes My Husband Where stories live. Discover now