Episode 2

3.2K 171 18
                                    

Unicode

"ကျောင်းတက်ရတာ အဆင်ပြေရဲ့လားသားငယ်"

သားအမိနှစ်ယောက်ထဲ စားနေတဲ့ ညစာထမင်းဝိုင်းလေးရဲ့ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သူက မိုးသည်းရဲ့ မေမေပင်ဖြစ်သည်။

မိုးသည်း ခေါင်းတစ်ချက့်ညိမ့်ပြကာ...

"ဟုတ် ပြေပါတယ်မေမေ"

"အင်း....ကောင်းပါတယ် သူငယ်ချင်းတွေရော ရနေပြီလား"

မေမေက ထိုသို့မေးတော့ မိုးသည်း ရယ်ချလိုက်မိသည်။တကယ်တော့ မေမေက မိုးသည်းအရင်ကျောင်းက သူငယ်ချင်းတွေကို လွမ်းနေမှာကြောက်လို့ ထိုသို့မေးနေခြင်းပါ။မေမေ မသိတာက အရင်ကျောင်းမှာလဲ လွမ်းစရာ သူငယ်ချင်းမကျန်ခဲ့ပါဘူး။မိုးသည်းမှာ အပေါင်းသင်းမှမရှိတာ။

"ဟိုဘက် အိမ်ကကောင်လေးလေ"

အစမရှိအဆုံးမရှိ မေမေက ပြောလာတော့ မိုးသည်းထမင်းလုတ်လေး တန့်သွားသည်။

"သူ့ကြည့်ရတာ ပျော်တက်ပုံပဲ ကိုယ့် အိမ်နီးနားချင်းဆိုတော့ ပေါင်းလို့ကောင်းတာပေါ့ သူနဲ့ရော တစ်ခန်းထဲပဲလား"

မိုးသည်းခေါင်းသာ ညိမ့်ပြမိသည်။မျက်နှာရူးကောင်ကို မိုးသည်းက ဘာလို့ ပေါင်းသင်းရမှာလဲ။တစ်စက်မှ ကြည့်လို့မရတာကို။

"ခင်အောင်နေနော် သား..သူငယ်ချင်းမထားပဲမနေနဲ့"

"သူနဲ့ မခင်ချင်ဘူး"

မိုးသည်းက ထိုသို့ပြောတော့ မေမေက ဘာလို့လဲဟုမေးလာသည်။

"သူက ပေါ့ပျက်ပျက်နဲ့ သားနဲ့ အဆင်မပြေဘူး"လို့ဖြေလိုက်တော့ မေမေက ခပ်ဖွဖွရယ်သည်။ပြီးတော့ သူမ ထပ်ပြောသည်က'သားနဲ့ အဆင်ပြေတဲ့လူရော ရှိလို့လား'တဲ့။

မတိုင်ပင်ပါပဲသားအမိနှစ်ယောက်လုံး ရယ်လိုက်မိသည်။တကယ်လဲ မိုးသည်းနဲ့ အဆင်ပြေတဲ့လူမရှိပါ။အဲ့ထက်ဆိုးတာက မေမေကပါ မိုးသည်းကဲ့သို့ တည့်တဲ့လူရှားပါးသည်။ဒီလိုပဲသားအမိနှစ်ယောက်က လူမှုရေးသိပ်ရှိတာလေ။

မိုးသည်း ညစာစားပြီး အိမ်ပေါ်တက်ကာ စာကြည့်ဖို့ပြင်သည်။ကျောင်းက အခုမှဖွင့်တာဆိုတော့ အိမ်စာတွေတော့ သိပ်မပါ။သို့သော်မိုးသည်းသည်မရှိရင် ရှိတဲ့စာကို ကြံဖန်လုပ်တက်တဲ့အကျင့်ကလေးကြောင့် လွယ်အိတ်ထဲက စာအုပ်တွေကိုမွှေနှောက်နေလိုက်သည်။

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Where stories live. Discover now