Episode 34

1.6K 110 99
                                    

Unicode

"သူငယ်ချင်းပဲလုပ်ရအောင်"

အေးစက်စက်ဖြင့်ဆိုလာသော ထိုစကားသည် တည်တံ့ရဲ့ နားထဲ၌ ထပ်ကာထပ်ကာ ပြောနေသည့်နှယ် ပဲ့တင်သံထပ်နေလေသည်။ဖွင့်ပြောလိုက်သည့်အခါ ရင်ဆိုင်ရမည့် အခြေအနေမှန်းကြိုတွေးထားသော်လည်း မရှိမဲ့၊ရှိမဲ့ သတ္တိလေးကို ခြစ်ကုတ်ပြီး ပြောလိုက်သည့် စကားဖြစ်တာကြောင့်မျှော်လင့်ချက်လေး အနည်းငယ်တော့ထားမိပါသည်။

ထိုကိစ္စဖြစ်ပြီး ညနေ အိမ်လည်လိုက်ခဲ့ ဆိုသည့်စကားကိုလည်း ငြင်းပယ်မိသည်။ကျောင်းဖွင့်တဲ့ရက်တွေမှာလဲ အတက်နိုင်ဆုံး မတွေ့အောင်ရှောင်သည်။ဒါက စိတ်ဆိုးလို့ မဟုတ်သလို၊အရှုံးပေးလိုက်ခြင်းမျိုးလဲ မဟုတ်ချေ။

ကိုယ်တိုင်က ကြည်ကြည်ဖြူဖြူနဲ့ ချပေးခဲ့တဲ့ နှလုံးသားတစ်စုံမလို့ စိတ်ရှိတိုင်းနင်းခြေသွားလဲ စိတ်မဆိုးရက်ပါ။သို့ပေမယ့် အဆုံးထိ သူငယ်ချင်းလို နေဖို့လဲစိတ်ကူးမရှိတာကြောင့် အချိန်အတိုင်းအတာတစ်ခုထိ ရှောင်နေရုံလေးသာ။

"တည်တံ့!!"

ကန်တင်းထဲမှာ ထိုင်နေရင်း မျက်စိရှေ့ပေါ်လာတဲ့ မျက်နှာလေးနှင့်အတူ ခေါ်သံတိုးတိုးလေးကြောင့် ထိတ်လန့်သွားပေမယ့် ထိုင်နေရာမှ ချက်ချင်းထကာ ထိုနေရာမှ လှည့်ထွက်ဖို့ပြင်ရသည်။တည်တံ့ထရပ်လိုက်သည်နှင့် မျက်စိရှေ့ကလူကလည်း ပျာယာခတ်သွားကာ ထွက်သွားဖို့ ပြင်နေတဲ့ တည်တံ့ရဲ့ လက်ကိုလာဆွဲသည်။

"စကားပြောရအောင်လေ...နော်"

နူးညံ့ပြီး ပျော့ပျောင်းတဲ့ လေသံလေးနဲ့ ပြောလာသော်လည်း အဆွဲခံထားရတဲ့ လက်တစ်ဖက်အား ခါချကာ ထိုနေရာမှ တိတ်တဆိတ်ပင် ထွက်လာမိသည်။ကိုယ့်ခံစားချက်တွေကို မငဲ့ကွက်တဲ့ မိုးသည်းကို တည်တံ့လဲ နည်းနည်းလောက်တော့ ခံစားစေချင်သည်။

"တည်တံ့!"

မိုးသည်းဘယ်လောက်ခေါ်ခေါ် လှည့်မကြည်တဲ့ တည်တံ့က ကန်တင်းထဲမှ ထွက်သွားချေပြီ။အခုရက်တွေမှာ မိုးသည်းဘက်ကလဲ ရှောင်နေမိတာ မှန်ပေမယ့် ဒီလောက်ကြီး သွေးအေးသွားဖို့တော့ မမျှော်လင့်ထားဘူးလေ။

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Where stories live. Discover now