Episode 18

1.5K 114 23
                                    

Unicode

"ခွီးး!သေလိုက်စမ်း...တည်တံ့ဦး ဟားဟား"

တည်တံ့တို့ သုံးယောက် ကျောင်းခေါင်မိုးထပ်၌ ဆေးလိပ်ခိုးသောက်နေကြရင်း ကောင်းခန့်ဦးကတည်တံ့ကို အားရးပါရလှောင်နေသည်။

"မရယ်နဲ့...ငါတကယ် တင်းနေတာ"

"ဟား...တင်းနေတာ ဘာလို့တင်းနေတာလဲ?မင်းပဲ ဒီကျောင်းကပွဲမှာ က,ချင်လှပါချည်ရဲ့ဆို"

လွဲမှားနေသော အတွေးနှင့်တည်တံ့ကို လှောင်ရယ်နေတဲ့ ကောင်းခန့်ရဲ့ နောက်ပိုးအား လက်ဝါးဖြင့်ရိုက်ချလိုက်သည်။တည်တံ့ တင်းနေတယ်ဆိုတဲ့ အချင်းအရာက ထိုကိစ္စမှ မဟုတ်ပါပဲ။

"ကောင်းခန့်!မင်းက မသိပဲပြောပြန်ပြီ တည်တံ့ တင်းနေတာ အဲ့ကိစ္စမဟုတ်ဘူးကွ..."

စိုင်းမြတ်နိုးက ဝင်ပြောတော့ တည်တံ့က ပြောပြလိုက် ဟူသည့်သဘောမျိုး မျက်ခုံးပင့်ပြလိုက်သည်။

"ဟိုကောင် မိုးသည်းလေ...သူနဲ့ အတူလိုက်မကလို့ တင်းနေတာ"

"ဟမ်...မိုးသည်း?"

ကောင်းခန့်က တည်တံ့ကို တစ်လှည့်၊စိုင်းမြတ်နိုးကို တစ်လှည့် ကြည့်ရင်း နားမလည်နိုင်စွာဖြစ်နေသည်။

"နေပါဦး ငါမေးပါဦးမယ်...မင်းနဲ့မိုးသည်းက ဘာတွေလဲ?သူငယ်ချင်းတွေပါလို့ လာမပြောနဲ့ မင်းတို့နှစ်ယောက်ပုံစံက ခင်ရုံပဲလုံးဝမဟုတ်ဘူး"

ကောင်းခန့်၏အမေးကို ငြင်းဆန်ခြင်းမရှိပဲ မျက်နှာကြီးပင် နှစ်ဆဖြီးလာတာကြောင့် ခေါင်းနပန်းကြီးသွားရသည်။

စိုင်းမြတ်နိုးကလည်း...

"ငါလဲ မေးချင်နေတာ ကြာပြီ ဟိုနေ့က ငါ့ဆိုင်မှာ ဝုန်းဒိုင်းလာကြဲတာလဲ မိုးသည်းကြောင့်ပဲမလား?"

"ဟာ....ဘယ်လိုဖြစ်နေကြတာလဲ?မင်းတို့ပြောနေတာ အကုန်မှားတယ် ငါနဲ့မိုးသည်းက..."

"....."

"ငါနဲ့ မိုးသည်းက သူငယ်ချင်းတွေ"

"-ီးစကား"

ကောင်းခန့်က လုံးဝမဟုတ်နိုင်ကြောင်း သေချာနေတာမလို့ ခပ်ရေးရေး ဆဲဆိုလိုက်သည်။ဒါတောင် စိတ်ဆိုးခြင်းမရှိတဲ့ တည်တံ့ရဲ့ မျက်နှာက နဂိုထက် ရွှင်ပြလန်းဆန်းနေသေးသည်။

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Where stories live. Discover now