Episode 27

1.4K 99 90
                                    

Unicode

အ.ထ.က(၃)အခြေခံပညာ အထက်တန်းကျောင်းဝန်းကျယ်ကြီးထဲ၌ အောင်စာရင်းထွက်မည့်နေ့ဖြစ်တာကြောင့် ကျောင်းသားများ တိုးမပေါက်အောင် ပြည့်ညှပ်နေလေသည်။

ထိုအထဲ၌ ကောင်းခန့်ဦးနှင့် စိုင်းမြတ်နိုးတို့နှစ်ယောက်မှာလည်း အတင်းတိုးဝင်ကာ မိမိတို့ နာမည်ကို လိုက်ရှာနေသော်လည်း တည်တံ့ဦးမှာမူ အောင်စာရင်း ကပ်ထားသည့် ဘုတ်ပြားနှင့် ခပ်လှမ်းလှမ်းမှာသာ ရပ်နေဆဲ။

သူမှ မကြည့်ရဲတာ။

ခဏနေတော့ ကောင်းခန့်နှင့် စိုင်းမြတ်နိုးတို့က မအီမသာ မျက်နှာတွေနှင့် ပြန်ထွက်လာသည်။မနက်ထဲက အောင်စာရင်း သွားကြည့်ဖို့ တက်ကြွနေတဲ့ နှစ်ကောင်ရဲ့ အခုလို မျက်နှာကြီးကို မြင်လိုက်ရတော့ တည်တံ့မှာ စိုးရိမ်ပူပန်မှုတွေက မြင့်တက်လာသည်။

"ဘာဖြစ်လာတာလဲ?မအောင်ဘူးလား"

"ဟို...တည်တံ့!"

တည်တံ့ရဲ့ အမေးကို ဖြေဖို့ တွန့်ဆုတ်နေတဲ့ စိုင်းမြတ်နိုးက ကောင်းခန့်ဘက်ကို လှည့်ကြည့်နေတာကြောင့် ကောင်းခန့်ကပဲ ကြားဝင်ပြီး ဖြေပေးလိုက်သည်။

"ငါတို့နှစ်ယောက်က အောင်တယ်!"

"ငါပဲ မအောင်တာမလား...အဲ့ဒါကို မင်းတို့ရုပ်တွေက ဘာဖြစ်နေတာလဲ ငါက မင်းတို့များမအောင်တာလားလို့"

"တည်တံ့!!!"

တည်တံ့ရဲ့ ယိုင်နဲ့ခြင်းမရှိတဲ့ စကားကြောင့် ကောင်းခန့်က ပိတ်အော်လိုက်သည်။

"အစကတည်းက ကြိုသိပါတယ် ငါမှ မကြိုးစားခဲ့တာ မင်းတို့အောင်ရင် ငါပျော်ပါတယ်"

တည်တံ့က သူငယ်ချင်းနှစ်ယောက်ကို ဆွဲဖက်ရင်း ခပ်ပြုံးပြုံးသာ ဆိုသည်။သို့ပေမယ့် ကောင်းခန့်က လက်မခံပဲ တည်တံ့ရဲ့ လက်တွေကို ဆွဲဖယ်သည်။

"-ီးကို မကြိုးစားခဲ့တာလား?မင်းက ငါတို့နှစ်ယောက်ထက်တောင် ပိုပြီးကြိုးစားခဲ့တာပဲလေ"

ဒီရက်တွေမှာ တည်တံ့ စာတွေကျက်နေတာ ကောင်းခန့် အသိဆုံးပင်။တည်တံ့ ဘယ်လောက်ထိမျှော်မှန်းထားမှန်း သိနေတော့ ဘယ်လောက်ထိ ခံစားရမယ်မှန်းလဲ မမြင်နိုင်ပေမယ့် သိနိုင်ပါသည်။ဒါတောင် ဘယ်လိုများ ကိုယ်တွေကို ချီးကျူးနေနိုင်သေးတာလဲ။

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Where stories live. Discover now