Episode 29

1.5K 105 103
                                    

Unicode

"နေကောင်းကျန်းမာရဲ့လား ဒေါ်ယမင်းဗျ"

- အမလေး ဖုန်းတော့ဆက်တော်မူသေးတယ်နော် ကိုယ်တော်ချောက။

"အဟား...နေရေးထိုင်ရေး ကိစ္စတွေ စီစဥ်ရသေးတယ်လေဗျာ...ဘာလဲ?ငါတို့အွန်စောလေးက လွမ်းနေတာလား?"

- လွမ်းတာပေါ့ ဘယ်လိုများမေးရက်ပါ့။

သားအမိနှစ်ယောက် ဖုန်းထဲမှာ ကလူရင်း ပေါက်ပေါက်ဖောက်နေကြသည်။တည်တံ့ ရန်ကုန်ရောက်တာ တစ်ပတ်တောင်မပြည့်သေးပါ။ဒါကို အမေဖြစ်သူက ဖုန်းမဆက်၍ ဟူသည့် အကြောင်းပြချက်နှင့် အချိန်ကြာမြင့်သည်အထိ ရစ်နေတော့သည်။

"ဒါနဲ့လေ...အမေ၊ သား မိုးသည်းနဲ့ ပြန်တွေ့တယ်"

- အယ် တကယ်လား ?

"အင်း ...သားနဲ့ တူတူပဲ နောက်ပြီး တစ်ခန်းတည်း ကျတယ်"

- ဟမ် ။

ယမင်းဘက်က အံ့သြသွားဟန် အသံငြိမ်သွားသည်မလို့ တည်တံ့မှာ စိတ်ထဲ မတင်မကျဖြစ်နေသည့်အရာကြီးကို ယမင်းကိုပါ ဖောက်သည်ချတော့သည်။

"မိုးသည်းကလေ ဟိုတစ်နှစ်က စာမေးပွဲကျတယ်တဲ့"

- ဘယ်လို ဘယ်လို မိုးသည်းလေးက ဘာလို့ကျရတာတုန်း မဖြစ်နိုင်တာ...။

"အဲ့ဒါ...!! အဲ့ဒါပြောတာပေါ့ သူစာမေးပွဲကျတာ ဖြစ်မှမဖြစ်နိုင်တာကြီးကို နော့်"

တည်တံ့ရဲ့ အသံက ကျယ်သွားသည်မလို့ ယမင်းပင် လန့်သွားရသည်။မိုးသည်းအကြောင်းကို ပြောရမယ်ဆို သားအမိနှစ်ယောက်သား ညှိယူစရာမလို အတိုင်ဖောက်ညီလှသည်။တည်တံ့က မိုးသည်းကို ချစ်သလို ယမင်းကလဲ မိုးသည်းကို ချစ်သည်လေ။

သို့ပေမယ့် မတူညီတဲ့ ချစ်ခြင်းတွေရယ်ပါ။

တည်တံ့ ဖုန်းပြောပြီး မကြာခင်မှာပဲ ဗိုက်ထဲက အချက်ပေးလာသည်မလို့ ဆာလောင်မှု ကိုဖြေဖျောက်ရန် တစ်စုံတစ်ရာအား ရှာဖွေနေမိသည်။သို့သော်လည်း နေရာသစ်နဲ့ နေသားမကျသေးတဲ့ တည်တံ့က စျေးဘယ်နားရှိတယ်ကိုပင် မသိသေး။ကျောင်းက ပြန်လာတော့ အာရုံထဲ ကပ်ငြိပါလာတဲ့ 24/hours Mini Storeလေးကအတွေးထဲ ရေးတေးတေးလေး ပေါ်လာသည်။

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Where stories live. Discover now