Episode 24

1.2K 91 53
                                    

Unicode

"ဦးငယ်..."

"မမေးနဲ့ မိုးသည်း!ကိုယ် ဖြေမှာမဟုတ်ဘူး"

"ဟုတ်...ဦးငယ်"

အိမ်မှာ မေမေပြီးရင် အချစ်ဆုံးက ဦးငယ်ဖြစ်သလို ယုံကြည်ပြီး အလေးစားရဆုံးကလဲ ဦးငယ်ပဲဖြစ်သည်။ဖေဖေ့လက်ပေါ်မှာ ငိုတောင် မငိုခဲ့ရဖူးတဲ့ မိုးသည်းက ဦးငယ်ရဲ့လက်ထဲရောက်ရင် အငိုတောင် တိတ်စေတယ် တဲ့လေ။

ငယ်ဘဝရဲ့ မှတ်ဉာဏ်တွေမလို့ မိုးသည်းမမှတ်မိနိုင်တော့ပေမယ့် ဦးငယ် မိမိအပေါ် ဘယ်လောက်ထိချစ်လဲဆိုတာကိုတော့ မိုးသည်းသိပါသည်။

"ဦးငယ်"

"......"

"ယောကျာ်းလေးချင်းချစ်တာကို ဘယ်လိုမြင်လဲ?အဲ့ဒါက အပြစ်တစ်ခုလား?"

အိမ်ရှေ့ မျက်နှာစာတွင် ရှိသော ချယ်ရီပင်အောက်က ခုံတန်းလေးပေါ်ထိုင်ရင်း ဆေးလိပ်ဖွာနေတဲ့ ဦးငယ်က ဟန်မပျက်ပဲ ဖြေဆိုသည်။

"မင်းအဖေကို သွားမေးကြည့်လေ!"

"အာ...ဦးငယ်ကလည်း"

နဒီထွဋ်ခေါင်က မိမိစကားကြောင့် အခက်တွေ့သွားတဲ့ တူ,ဖြစ်သူကို ပြုံးစစဖြင့် တစ်ချက်ကြည့်ရင်း လက်ထဲတွင်တစ်လက်မလောက် ကျန်နေသေးသော ဆေးလိပ်တိုလေးကို မြေကြီးပေါ် ပြစ်ချလိုက်ကာ ခြေထောက်ဖြင့် ဖိချေလိုက်ရင်း ဆိုသည်။

"တစ်ယောက်ကိုတစ်ယောက်ချစ်တာ အပြစ်ကြီးတော့ မဟုတ်ဘူး!Positiveဘက်က ကြည့်ရင် ကောင်းတဲ့အရာပဲလေ..."

"ဒါဆို တစ်ဖက်ကတွေးကြည့်ရင်ရော"

"အင်း...Negativeဘက်ကတွေးကြည့်ရင်တော့ အရင်ဘဝမှာ ကျန်နေခဲ့တဲ့ ဝဋ်ကြွေးတစ်ချို့က ဒီဘဝမှာ ရေစက်အဖြစ် လာဆုံရုံလောက်ပဲ!"

"အဲ့ဒါဆို ချစ်ကြတာမဟုတ်ပဲ ဝဋ်ကြွေးတွေကို ဆပ်ကြရုံပေါ့ အဲ့လိုလား ဦးငယ်!"

"တစ်ဖက်သတ် အချစ်ဆိုတာမျိုးကို သိလား?"

ဦးငယ်ရဲ့ အမေးကို ကြားတော့ မိုးသည်းရဲ့ ကိုယ်လေးမတ်သွားသည်။စေ့စေ့ကြည့်နေတဲ့ ဦးငယ်ရဲ့ မျက်နှာကိုလည်း ဆက်မကြည့်တော့ပဲ ခေါင်းကိုသာတစ်ဖက်သို့ လွှဲလိုက်မိသည်။

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Where stories live. Discover now