Episode 26

1.4K 99 59
                                    

Unicode

{Recommended Song - မိုး / ရဲလေး}

******

"အဲ့တာက ဘာဖြစ်နေတာလဲဟ!"

"......"

"လက်ထိပြီး ဦးနှောက်ပါချောင်သွားတာလား"

တည်တံ့က စာကျက်နေရင်းမှ တစ်ခွန်းမှပြန်မပြောပဲ စားပွဲခုံပေါ်က စာအုပ်အလွတ်နှင့် ကောက်ပေါက်လိုက်တော့ ကောင်းခန့်က ကျွမ်းကျွမ်းကျင်ကျင်ရှောင်သည်။

"ဘောလုံးသွားကန်မလို့ လာခေါ်တာ"

"မလိုက်ဘူး!"

တည်တံ့က ယတိပြတ်ပင်ငြင်းဆိုရင်း ခုံပေါ်က ဘောပင်တစ်ချောင်းယူကာ မိမိကျက်နေသည့်အပိုဒ်အား ကောက်(ဂေါက်)ခြစ်ထားလိုက်သည်။

"ဒီနေ့ကစပြီး ငါ့ကို လာမပတ်သတ်နဲ့!"

"အောင်မာ!စောက်ကြီးစောက်ကျယ်နဲ့ သူများစာကျက်နေရင် လိုက်ရှုပ်တုန်းက အဲ့စောက်ခွက်မဟုတ်ပါဘူး"

"ကျစ်!အေးဆေးနေကြကွာ ငါတကယ် လုပ်မှဖြစ်မယ့်အရာတွေမလို့ လုပ်ကိုလုပ်ရမှာ..."

ကောင်းခန့်နှင့်စိုင်းမြတ်နိုးက တည်တံ့၏ ပုံစံကို ကြည့်ရင်း ပိုလို့တောင် ရယ်ချင်လာသည်။

'စာကျက်တယ်ဆိုတာ တည်တံ့ဦးတို့ ရာဇဝင်မှာမရှိဘူး'လို့ ပြောခဲ့တဲ့ကောင်က ဘယ်ကမ္ဘာကို ရောက်သွားလေပြီလဲ။

ကောင်းခန်ဦးက ဂရုမစိုက်စွာ လက်ထဲက စာအုပ်ကို ဆွဲလုလိုက်တော့ ထထိုးမတက်ပင် မျက်နှာကြီးက နီဆွေးလာသည်။

"တောင်းပန်ပါတယ် အဖေတို့ရယ်....ကျွန်တော်မျိုးကို စာကျက်ခွင့်ပေးပါ Plz!"

လက်အုပ်လေးချီကာ အသနားခံလာတော့ ကောင်းခန့်လဲ ဆက်ပြီးမစရက်တော့ချေ။စိုင်းမြတ်နိုးကပါ ကောင်းခန့်လက်ထဲက စာအုပ်ကို ဆွဲယူရင်း တည်တံ့ဆီ ပြန်ပေးလိုက်သည်။

"ကောင်းခန့်ဦးရာ...စာလုပ်တာ ကောင်းတဲ့အလုပ်ပါ တည်တံ့ကို နှောင့်ယှက်မနေနဲ့တော့!"

စိုင်းမြတ်နိုးရဲ့ အပြောကို တည်တံ့က ထောက်ခံသည်။စိတ်ပါတဲ့ အချိန်လေး လုပ်ရတာမလို့ ဒီလို အနှောင့်အယှက်တွေ​ဘက်ကိုစိတ်မယိုင်သွားချင်ပါ။

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Where stories live. Discover now