Episode 14

1.6K 113 13
                                    

Unicode

"ဒါက တည်တံ့ဦးဆိုင်ကယ်မလား"

တောင်ခြေ လမ်းကွေ့တစ်နေရာက ချယ်ရီပင် သေးသေးလေးအောက်၌ ထိုးရပ်ထားသော ဆိုင်ကယ်လေးကို မြင်တော့ ရပ်ကွက်လူကြီးဦးရွှေရိုးရဲ့ညီ ဦးငွေရိုးသည် ခါးကြားထဲမှ ဖုန်းကို ထုတ်ကာ ပတ်ပတ်လည်ကို ဓာတ်ပုံ တစ်ဖျတ်ဖျတ်လိုက်ရိုက်နေသည်။

ယမင်းက သားဖြစ်သူရဲ့ ဆိုင်ကယ်ကို မြင်သည်နှင့် ဝမ်းသာအားရပင် ထိုဆိုင်ကယ်အနား ပြေးကပ်ဖို့ပြင်တော့ ငွေရိုးက လက်တစ်ဖက်ကိုဆန့်ထုတ်ကာ ယမင်းအားတားမြစ်လာသည်။ထိုလုပ်ရပ်ကြောင့် ပါလာတဲ့ လူတစ်ချို့မှာလဲ ငွေရိုးအား မမှိတ်မသုန်ပင်စိုက်ကြည့်နေကြသည်။

"မသွားနဲ့ဦး တရားခံက ဒီနားမှာပဲရှိနေလိမ့်မယ်သက်သေခံပစ္စည်းဆိုတာ ထိချင်တိုင်းထိလို့မရဘူး"

"ဟာ....."

ငွေရိုး၏ စကားကြောင့် ငြိမ်၍ ကြည့်နေတဲ့ လူတစ်ချို့မှာလဲ စိတ်ပျက်သလို..ဟာခနဲဖြစ်ကုန်သည်။ငွေရိုးက စုံထောက်ဟောင်းဖြစ်ကာအမှုစစ်တဲ့နေရာမှာ ဆရာကျလွန်းသည်။လူသတ်မှု တစ်ခုကို လိုက်ရင်းထိုကိစ္စ၏ တရားခံမှာ ငွေရိုးကို သေစေတဲ့အထိ ပြုမူခဲ့ကာ သုံးထပ်တိုက်ပေါ်မှ တွန်းချခြင်းကို ခံခဲ့ရသည်။၎င်းအဖြစ်အပျက်ကြောင့် မသေရုံတမယ်ဖြစ်ကာ ရွှေရိုးတို့ မြို့ကို ပြန်ရောက်တော့ ထက်မြတ်လွန်းတဲ့ဦးနှောက်ပင် ပြန်ပါမလာပဲ အရူးတစ်ယောက်နှယ် ဦးနှောက်က ချောင်သွားခဲ့သည်။စုံထောက်ပီပီ ရူး​တော့လဲ စုံထောက်ရူးသာရူးခဲ့သည်။

"ငွေရိုးရယ် ငါ့သားက ပျောက်သွားရုံလေးပါ လူသတ်သမားလဲ မဟုတ်ပါဘူးဟယ် နင့်ဟာက မသိရင်ငါ့သားက တစ်ခုခုပဲလုပ်ထားသလိုလို"

"သူကိုယ်တိုင်က လူသတ်သမား မဟုတ်ရင် တခြားဘာရှိနိုင်မလဲ"

ငွေရိုးရဲ့မေးခွန်းတွေက ဖြေဆိုသူကင်းမဲ့နေခဲ့သည်။ပါလာတဲ့ လူတွေကလဲ ငွေရိုးဘာပြောမလဲဆိုတာကိုသာ နားစွင့်နေကြသည်။

"အသတ်ခံရလို့ပဲပေါ့"

"ဒီ...စောက်ရူး!"

ဆဲဆိုလိုက်သူကတော့ ဦးရွှေရိုးပင်ဖြစ်သည်။လူသုံးယောက်လုံးပျောက်သွားလို့ စိတ်ပူနေရတဲ့အထဲ ပေါက်ကရတွေလျှောက်ပြောနေတဲ့ ညီဖြစ်သူကို ခေါ်လာမိတာပင် နောင်တရချင်ချင်။

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Where stories live. Discover now