Episode 33

1.4K 94 34
                                    

Unicode

"အာ....ခက်ခက်တို့ လာလေ ကိုယ်က မလာတော့ဘူးတောင်ထင်နေတာ"

"အမလေး...ဒီက မင်းသမီးလေ အလှပြင်နေတာနဲ့ နောက်ကျနေတာ"

"အာ...မာမီကလဲ မဟုတ်တာကို"

ဒီနေ့က နဒ္ဒထွဋ်ခေါင်တို့ အိမ်မှာ ဆွမ်းကျွေးရှိတာကြောင့် ငယ်ပေါင်းကြီးဖော်သူငယ်ချင်းဖြစ်သူ ခက်ခက်နှင့် သူ(မ)၏ သမီး ဇူးသက်ထားအိမ်တို့ကို တကူးတက ဖိတ်ထားရာမှ နောက်ကျနေတာကြောင့် လောကွတ်ချော်ရင်း စနောက်နေခြင်းဖြစ်သည်။

"ဧည့်သည်တွေကို အိမ်ထဲခေါ်လေ...သားကြီးရဲ့"

"ဟုတ်သားပဲ မေ့နေတာ...ကဲ!လာ လာ အိမ်ထဲဝင်ကြ..."

ကြားထဲက နဒ္ဒ၏မိခင် ဒေါ်မြင့်ဇူကိုယ်တိုင် ဝင်ပြောမှ နဒ္ဒလဲ အထဲခေါ်ဖို့ သတိရတာကြောင့် အလျှင်အမြန်ပင် အိမ်ထဲသို့ ခေါ်ရသည်။

"မိုးရေ...တစ်ဝိုင်းစာပြင်ပေးဦး...VIP တွေမလို့ ရှယ်လေး"

"အဟား...နဒ္ဒတို့ကတော့ လုပ်ပြီနော် မိန်းမ သဝန်တိုအောင်မလား?ကျောင်းတုန်းက အကျင့်ကို မပျောက်ဘူး"

မိုးသံသာလှိုင်နဲ့ ခက်ခက်သင်းသည် သူငယ်ချင်း အရင်းရှာတွေဖြစ်ပြီး နဒ္ဒနှင့် ဇာတ်လမ်းရှိခဲ့ဖူးသူတွေဖြစ်သည်။မိုးသံသာလှိုင်က ထက်မြက်ပြီး ရုပ်ရည်ပိုင်းမှာပါ အပြစ်အနာစာကင်းအောင်လှပလွန်းသူမလို့ ကျောင်းတုန်းက ယောကျာ်းလေးတွေကြား ရေပန်စားလှသည်။

လှပတဲ့အပြင် မာနကပါ ခေါင်ခိုက်နေတော့ အပေါင်းအသင်းဟူ၍ ခက်ခက်သင်းတစ်ယောက်သာ ရှိသည်။နဒ္ဒထွဋ်ခေါင် သဘောကျသူမှာ မိုးသံသာလှိုင်ဖြစ်သော်လည်း အနားတောင်ကပ်ခွင့်မရခဲ့တာမလို့ သူငယ်ချင်းဖြစ်သူ ခက်ခက်သင်းကို အကူညီတောင်းရင်း ကြိမ်ဖန်များစွာ ချဥ်းကပ်ခဲ့ရသည်။

ဘယ်လိုမှ အကပ်မခံတဲ့ မိုးသံသာလှိုင်ကြောင့် ခက်ခက်သင်းနဲ့ တွဲပြပြီး သဝန်တိုအောင် အမြဲလုပ်ပြသည်မလို့ ယခုအခါလဲ ခက်ခက်သင်းက သူ့အပေါ် ဆက်ဆံပုံကို ဤအကြောင်းအရာနဲ့ ဆက်စပ်ပြီး စနောက်နေတာဖြစ်လိမ့်မည်။

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Where stories live. Discover now