Episode 32

1.5K 101 76
                                    

Unicode

တူညီဝတ်စုံအဖြူရောင်များနှင့် ပျော်ပါးမြူးတူးနေတဲ့ ဆေးတက္ကသိုလ်၏ အားကစားပြိုင်ပွဲ၌ ကျောင်းသားများသည်လည်း မိမိတို့ယှဥ်ပြိုင်ရာ အားကစားအလိုက် နေရာတိုင်းတွင်စည်ကားသိုက်မြိုက်နေသည်။

ဘောလုံးပွဲ၊ဘတ်စကတ်ဘောပြိုင်ပွဲ၊ရေကူးပြိုင်ပွဲ၊အစရှိတဲ့ ပြိုင်ပွဲတွေတိုင်း၌ ဌာနခွဲက ကျောင်းသားများသည်လဲ တစ်စုတစ်စည်းတည်းရှိနေသည်။

မျက်စိရှေ့က ဘောလုံးပွဲသည် မိုးသည်းတို့ ဌာနနှင့် သွားဘက်ဆိုင်ရာဌာနမှ ယှဥ်ပြိုင်သည့် ပွဲပင်ဖြစ်သည်။ပုံမှန်ဆို အားကစားပွဲတွေ မကြည်တက်တဲ့ မိုးသည်းက ဤနေရာသို့ ရောက်နေခြင်းမှာ တည်တံ့ ပါဝင်နေလို့သာဖြစ်သည်။

ကျယ်ပြန့်တဲ့ အားကစားကွင်းကျယ်ကြီးထဲ အားကစားသမားတွေ ဝင်လာသည်နှင့် မိုးသည်းရင်ထဲ လှပ်ခနဲဖြစ်သွားသည်။ပွဲစဖို့က လိုသေးတာမလို့ သွေးပူလေ့ကျင့်ခန်းလုပ်ရင်း ကွင်းထဲ ပတ်ပြေးနေသူတွေထဲ တည်တံ့ကိုသာ အသည်းအသန် လိုက်ရှာနေမိသည်။နှစ်ပတ်၊သုံးပတ် ပတ်ပြေးပြီးသည်အထိ ပါမလာတဲ့ တည်တံ့ကြောင့် လူကလည်တဆန့်ဆန့်ဖြစ်နေသည်။

"ဟေ့!"

"ဘုရား..."

တည်တံ့မှာ မိမိဝင်လာသည်ကို မသိပဲ ပွဲကြည့်စင်ပေါ်ကနေ တမျှော်မျှော် ဖြစ်နေတဲ့ မိုးသည်းကြောင့် အနားနားကပ်ကာ ခြောက်လိုက်ခြင်းဖြစ်သည်။

မိုးသည်းမှာ လန့်သွားပေမယ့် အနောက်ကို လှည့်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ မျက်နှာချောချောက ရင်ကိုအေးစေပြန်သည်။

"ကွင်းထဲ မဆင်းသေးဘူးလား?"

"ဆင်းမှာလေ ရေလာသောက်တာ"

"......"

မိုးသည်းက လက်ထဲတွင်ကိုင်ထားတဲ့ ရေသန့်ဘူးလေးကို ငုံ့ကြည့်ရင်း တည်တံ့ဆီ ကမ်းပေးလိုက်သည်။ရေဘူးက ပန်းရောင်လေးဖြစ်ပြီး အထက်တန်းတုန်းက ကိုင်တဲ့ ရေဘူးနဲ့ တစ်ပုံစံတည်းတူနေသည်။အရောင်ကတော့ ကွဲတာမလို့ ဒီနှစ်မှ ဝယ်ထားမှန်းတော့ သေချာသလောက်ရှိသည်။

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Where stories live. Discover now