Episode 12

1.7K 119 29
                                    

Unicode

စိမ်းစို အုံ့မှိုင်းနေသော တောနက်ထဲ၌ ကျေးငှက်ငယ်များ၏ တွန်ကြူးသံသည် ​စိတ်ခြောက်ခြားဖွယ်ထွက်ပေါ်နေခဲ့သည်။တောင်းတန်းမြင့်တွေပေါ်မှ တသွင်သွင် စီးဆင်းနေတဲ့ ရေစီးကြောင်းများ၏ အသံသည်လည်း ဗို့အားပြင်းစွာ ကျောက်ဆောင်များကို ရိုက်ခတ်နေသေးသည်။

"တည်တံ့ဦး...ပြန်ရအောင် ရှေ့ဆက်သွားလဲ လမ်းကမှားနေပြီ ယုန်နဲ့တူတာလည်း ကြောင်တစ်ကောင်တောင်မတွေ့ဘူး"

"မင်းကလဲ ဇွဲမရှိလိုက်တာ...တစ်လုံးတည်းကြယ်တောင် ဘယ်လိုမှ မနေသေးဘူး"

မိုးသည်းလက်ထဲမှ ကြယ်ကြယ်ကလည်း ချွေးစတွေပင်စို့နေကာ အားအင်လဲ ဆုတ်လျော့ နေလောက်ပြီလေ။ဒါကိုတောင် ဘယ်လိုမှမနေသေးဘူးဆိုတော့ တည်တံ့တစ်ယောက် ဘယ်လိုမျက်လုံးမျိူးနဲ့ ကြည့်နေတာပါလဲ။

ကြယ်ကြယ်သည်လည်း တည်တံ့နည်းတူ ဇွဲမလျှော့ပါ။မောပန်းနေသည့်ကြားမှ တည်တံ့စကားကို လှမ်း၍ ထောက်ခံနေသေးသည်။

"ဟုတ်တယ် .... ကြယ်အဆင်ပြေတယ် ယုန်လေးကိုပဲ လိုချင်တယ်"

"ကြယ်ကြယ်...ကိုကိုပြောပြမယ် ကိုယ်နဲ့မထိုက်တဲ့အရာကို အတင်းမယူချင်ရဘူး တိရစ္ဆာန်လေးတွေမှာလည်း သူတို့ လွတ်လပ်ခွင့်ဆိုတာရှိတယ် ကိုကိုတို့ ခဏတာပျော်ရွှင်ဖို့အတွက် သူတို့ဘဝကို ချုပ်နှောင်လို့ မရဘူး"

"ကြယ်က အကြာကြီးခေါ်ထားမှာလေ"

ကြယ်ကြယ်က မျက်နှာငယ်လေးဖြင့်သာ ခပ်တိုးတိုးဆိုလာသည်။စိတ်မကောင်းဖြစ်သွားမှာကိုသိပေမယ့် စိတ်ရှိတိုင်း မဆိုးစေချင်ဘူး။အခုလဲ သူကျေနပ်အောင် ကိုယ်လဲ လိုက်ပို့ပေးတာပဲမလား။အခုက မိုးသည်း တကယ်ကိုစိုးရိမ်လာသည်။တည်တံ့ကို ကြည့်တော့လဲ ယောင်ဝါးဝါးသာ။ဒီလမ်းတွေကို တစ်ခါမှ မလာဖူးဘူးဆိုတာ သေချာသလောက်ပင်။

"ပြန်ရအောင်နော်...ကြယ်ကြယ်က လိမ္မာပါတယ်"

"ဟင့်အင်း ဟင့်အင်း"

"ကြယ်ကြယ်!!!"

ခေါင်းတရမ်းရမ်းဖြစ်နေတဲ့ ကောင်မလေးက မိုးသည်းအော်လိုက်တော့ မိမိကိုယ်ပေါ်မှ အတင်းရုန်းကန်လာပြီး တအီးအီး ငိုလာသည်။လူကမောနေတာမလို့ စိတ်ကမရှည်ချင်တော့တာကြောင့် အော်လိုက်ပေမယ့် အခုလို ငိုသွားဖို့အထိတော့ မရည်ရွယ်ပါ။

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Where stories live. Discover now