Episode 19

1.5K 104 31
                                    

Unicode

"တော်လိုက်တာ တော်လွန်းလို့ လက်မှတ်တောင် ထိုးချင်စိတ်မရှိဘူး!"

ဒေါ်ယမင်းက ဘုရားရှစ်ခိုးပြီး အိပ်ရန်ပြင်ခါမှ Report Cardဟူ၍ မိမိဆီ ယူလာပေးတဲ့ သားဖြစ်သူရဲ့ အမှတ်တွေကို ကြည့်ရင်း စစနောက်နောက် ပြောလိုက်ခြင်းဖြစ်လေသည်။

မြန်မာစာက စလို့ ဇီဝဗေဒအထိ နုံချာနေသော အမှတ်များနှင့်အတူ အဆင့်ကလည်း နောက်ဆုံးပင်ဖြစ်သည်။သားဖြစ်သူရဲ့ အခြေအနေကအမြဲတမ်း ဒီအတိုင်းပဲ မလို့ စိတ်ဆိုးဒေါသထွက်ခြင်းတော့ ထူးကဲပြီးမရှိပါ။

"တောင်းပန်ပါတယ် အမေ!"

ယမင်းရဲ့ ကုတင်ဘေးမှာ ခပ်တောင့်တောင့်လေးရပ်နေတဲ့ တည်တံ့က ကိုယ့်ရဲ့ရလဒ်အတွက် ပထမဆုံးအကြိမ် စိတ်မကောင်းဖြစ်မိ၍ ထိုကဲ့သို့ တောင်းပန်လိုက်တာ ဖြစ်သည်။

အမေကတော့ ဘာမှ မဖြစ်သလိုသာ ခေါင်းလေးညိမ့်ပြသည်။တည်တံ့ဘဝမှာ မခံစားဖူးတဲ့ ခံစားချက်တွေကို လှိုက်လှိုက်လှဲလှဲပင်ခံစားနေရသည်။ဆိုးချင်တိုင်း ဆိုးခဲ့ပြီး နေချင်သလို နေခဲ့တဲ့ကိုယ်က အရင်ဆို Report Cardရလာတိုင်း အမေ့ဆီ ဒီအတိုင်းပေးခဲ့၍ မနက်ကျောင်းသွားခံနီးမှသာ ယူခဲ့တာဖြစ်သည်။

ထိုကြောင့် ဒီကဒ်ပြားပေါ်မှာ လက်မှတ်ထိုးနေချိန် အမေ့ရဲ့ စိတ်ခံစားမှုကိုလည်း တည်တံ့နားမလည်ခဲ့ဘူး။အခု မျက်စိနဲ့ တပ်အပ်မြင်ရတော့ အားနာမိရုံမှတပါး မတက်နိုင်တော့ချေ။

အမေ့မျက်နှာကတော့ ပျက်ယွင်းခြင်းမရှိပဲ ပကတိအတိုင်းကြည်လင်နေဆဲပင်။

"ရော့...လူတော်လေးမလို့ ဆုချရမယ် ဘာယူမလဲ"

မိမိဆီ ပြန်လည် ကမ်းပေးတဲ့ ကဒ်ကလေးကို ဆွဲယူရင်း တစ်ချက်မျှ ရယ်လိုက်မိသေးသည်။ဒါကြီးက ရွဲ့ပြောနေသလိုပဲမလား။

"ဒီလောက်ဆိုးနေတဲ့ အဆင့်ကို...ဘယ်နားက တော်နေလို့လဲ"
လို့မေးလိုက်မိတော့ တည်တံ့လက်ထဲက ကဒ်ကလေးက အမေ့လက်ထဲ ပြန်ပါသွားသည်။

"ဒီမှာလေ ... ကာယမှာရော၊အားကစားမှာရော၊ဒါလေးက ဘာလဲ...ကျောင်းကောင်စီလား!"

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Where stories live. Discover now