Episode 44

1K 68 31
                                    

Unicode

"ဦးနဒ္ဒထွဋ်ခေါင်နဲ့ တွေ့ချင်လို့ပါ"

"ဟုတ်ကဲ့ရှင့် ဘယ်သူလို့ ပြောပေးရမလဲ"

"မိုးသည်းလို့ ပြောပေးပါ"

ဖေဖေ့ရဲ့ ကုမ္ပဏ္ဏီကို ပထမဆုံးရောက်ဖူးတာကြောင့် ဒီက ဝန်ထမ်းများက မိုးသည်းကို မသိတာ မထူးဆန်းချေ။

"ဆရာက ဝင်ခဲ့ပါတဲ့"

မိုးသည်းလည်း ဖေဖေ့ရဲ့ လက်ထောက်မိန်းကလေးဆီက စကားကြားသည်နှင့် ထိုမိန်းမကလေးနောက်လိုက်ကာ ရုံးခန်းထဲ ဝင်သွားလိုက်သည်။မိုးသည်းကို ပို့ပြီးသည်နှင့် ထိုမိန်းကလေးက ဖေဖေ့ကို အရိုအသေပေးပြီး ချက်ချင်းပြန်ထွက်သွားသည်။

မိုးသည်းလဲ ဖေဖေ့အနားထိလျှောက်သွားကာ အလုပ်စားပွဲရှေ့က ခုံတွင်ထိုင်လိုက်သည်။

"ဖေဖေ"

"ရောက်ပြီလား"

"ဟုတ် ဖေဖေနဲ့ပြောစရာရှိလို့"

ဆုံလည် ထိုင်ခုံကို တစ်ပတ်လှည့်ကာ မိုးသည်းကို ကြည့်လာတဲ့ ဖေဖေ့ရဲ့ မျက်နှာက ပုံမှန်နေ့တွေကလို ခက်ထန်မနေပါ။

"ဖေဖေ ကျွန်တော်တို့ကို လက်ခံ..."

"လက်မခံဘူး!လက်မခံနိုင်လို့ ငါ့ကိုလာတွေ့ခိုင်းတာ ပြီးတော့ ဖေဖေ မင်းကို ပြစရာရှိတယ်"

နဒ္ဒထွဋ်ခေါင်ကပြောရင်းပင် မိမိထိုင်ခုံမှထကာ မိုးသည်းအနားလျှောက်သွားသည်။စားပွဲပေါ်က လက်တော့ပ်ကိုဆွဲလှည့်ကာ မိုးသည်းရှေ့ကို တိုးပေးလိုက်သည်။

မိုးသည်းမှာတော့ ဖေဖေပြလာတဲ့ vdကိုကြည့်ကာ အထိတ်တလန့်ဖြစ်သွားသည်။vdထဲမှာ ဖြစ်နေတဲ့ အဖြစ်အပျက်ကို မိုးသည်းဘာလို့ ရင်နှီးနေတာလဲ။ဘာလို့ ကိုယ်တိုင် မျက်စိနဲ့ မြင်တွေ့ရသလို ခံစားနေရတာလဲ။

"အခုတော့ ဘယ်မှတ်မိဦးမလဲ?ပြီးအောင်ကြည့်ပြီး ဖြေးဖြေးချင်းစဥ်းစားပေါ့ အဟက်"

လက်တော့ပ်ကို ကိုင်ထားတဲ့ မိုးသည်းလက်တွေမှာ တင်းခနဲဖြစ်သွားပြီး ထိုvdအား ဆက်ကြည့်ဖို့ပင် အားမရှိတော့ချေ။

ရုတ်တရက်ထိုးကိုက်လာတဲ့ ခေါင်းကြောင့် ခပ်တင်းတင်းဖိထားလိုက်ပြီး အတွေးတွေထဲ ထင်ဟပ်နေတဲ့ ပုံရိပ်တွေအား ရုပ်လုံးပေါ်အောင်တွေးကြည့်မိသည်။

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Where stories live. Discover now