Episode 48

1.1K 72 54
                                    

Unicode

တည်တံ့တို့နယ်လေးကို ပြန်ရောက်တော့ ရပ်ကွက်ထဲ၌ တည်တံ့သတင်းတွေက ဟိုးလေးတကျော်ကျော်ဖြစ်နေသည်။ဆရာဝန်ဘွဲ့ရလာသည်မလို့ ချီးကျူးသတင်းတွေကသာ မွှေးကြိုင်နေသည်။

ဒေါ်ယမင်းတို့ကတော့ ဆရာဝန်မိခင်ဖြစ်သူဟန်ပီပီ ခေါင်းမော့ရင်ကော့ဖြင့် ဝံ့ဝံ့ကြွားကြွားနေသည်။ဆေးခန်းဖွင့်ဖို့အတွက်လဲ အသည်းအသန်ကြိုးစားနေတာကြောင့် တည်တံ့မှာ ချက်ချင်းဖွင့်မရသေးကြောင်း အာပေါက်မတက်ရှင်းပြရသေးသည်။

အရင်က ကျောင်းပြီးသွားရင် မိုးသည်းနှင့်အတူ ပုံဖော်ရမယ့် အိပ်မက်တွေ အများကြီး မက်ခဲ့တာမလား။အခု မိုးသည်းမရှိတော့ မက်ခဲ့တဲ့ အိပ်မက်တွေက အိပ်မက်တစ်ခုသာသာပါပဲ။

အချိန်ရာသီစက်ဝိုင်းကလည်း ပုံမှန်အတိုင်းလည်ပတ်နေသည်။တည်တံ့ကလဲ တစ်ဖက်အိမ်ကဝရံတာလေးဆီ နေ့စဥ်ရက်ဆက်အကြည့်တွေပို့ဖြစ်နေ၏။တွေးမိလိုက်ရင် လွမ်းစရာတွေကြည့်ဖြစ်နေတာကြောင့် အတိတ်ဆိုတာကြီးကိုလဲ မေ့လိုက်ချင်သည်။

"မင်းပြောသလို အရာအားလုံးကိုမေ့လိုက်ချင်တယ် မိုးသည်း"

ဦးနှောက်က အလုပ်လုပ်နေပေမယ့် နှလုံးသားကတော့ သေနေတာ ကြာပြီလေ။လူကမေ့ချင်ရင်တောင် အေးခဲနေတဲ့ သွေးကြောမျှင်တွေက အလုပ်လုပ်နိုင်စွမ်းမှ အားမကောင်းတော့တာ။

"သား...တည်တံ့"

တည်တံ့ထိုင်နေတဲ့ ဝရံတာဘက် ရုတ်တရက်ရောက်လာတဲ့ အမေ့ကြောင့် တည်တံ့လဲ ဝရံတာပေါ်ကနေဆင်းလိုက်ရသည်။

"တစ်ခုခု ဖြစ်လို့လား အမေ..."

တည်တံ့မေးလိုက်ပေမယ့် အကြည်တွေကတော့ အမေ့လက်ထဲက စာအိတ်အဖြူလေးကို အကြည့်ရောက်နေသည်။မဟုတ်မှ...

"မိုးသည်းပို့လိုက်တာ..."

အမေ့လက်ထဲက စာအိတ်လေးကို ဆွဲယူလိုက်သည့် တည်တံ့ရဲ့လက်တွေမှာ အားမရှိပါပဲ တုန်ယင်နေသည်။စာအိတ်လေးကို ဖွင့်ကြည့်လိုက်တော့ အထဲက ထွက်လာတဲ့ ကဒ်ပြားလေးပေါ်မှာ လှလှပပနေရာယူထားတဲ့ မိုးသည်းရဲ့ နာမည်လေး။

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Where stories live. Discover now