Episode 47

1.1K 71 25
                                    

Unicode

"ကျွန်တော် လက်မခံနိုင်ဘူးဖေဖေ..."

"ငါအကုန်လုံးနဲ့ စကားပြောပြီးပြီ မိုးသည်း ငါ့စကားကို နားထောင်!"

"ဘယ်ထိများ ထပ်ပြီးနားထောင်ပေးနေရဦးမှာလဲ"

မိုးသည်းမှာ ဖေဖေ့အား စိတ်ပျက်လက်ပျက်ဆိုရင်း မျက်နှာအားလွှဲထားမိသည်။ကိုယ်ချစ်တဲ့လူနဲ့တောင် လမ်းခွဲပေးထားတာ တခြားတစ်ယောက်နဲ့ လက်ထပ်ဖို့ မဟုတ်ကြောင်းတန်ရာ။

"မနက်ဖြန် ဇူးတို့သားအမိ အိမ်လာလိမ့်မယ် မင်္ဂလာကိစ္စကို လာပြောကြမှာ"

"ဖေဖေ!!"

"မင်းတို့ လမ်းခွဲလိုက်တာနဲ့ မပတ်သတ်တော့ပါဘူးလို့ ငါယုံမယ်ထင်လား ပြီးတော့ မင်းနဲ့ ဇူးသက်ထားအိမ်ကို သဘောတူထားတာ အရင်တည်းက မင်း ကျောင်းပြီးအောင်စောင့်နေလို့ မစီစဥ်ဖြစ်တာ"

မိုးသည်းမှာ ဆက်ပြောစရာ စကားကုန်သွားကြောင့် ညစာစားနေကြတဲ့ ထမင်းစားခန်းထဲမှ ထွက်ကာ ခြံထဲထိ ဆင်းလာမိသည်။မေမေနှင့်ဖွားဖွားက မိုးသည်းကို လိုက်ကြည့်ဖို့ပြင်သော်လည်း နဒ္ဒထွဋ်ခေါင်ကတားသည်။

"ရှင် ဘာတွေလုပ်နေတာလဲ နဒ္ဒထွဋ်ခေါင်!"

"ငါဘာလုပ်နေလို့လဲ မင်းလဲသားကို လက်မခံနိုင်ဘူးမလား ငါတို့သားကို ယောကျာ်းတစ်ယောက်လိုဖြစ်အောင် မိန်းမပေးစားဖို့ကလွဲပြီး ဘာရှိဦးမှာလဲ"

"ကျွန်မ လက်မခံနိုင်ဘူးဆိုတာမှန်တယ်...ဒါပေမယ့် မိန်းမပေးစားဖို့ထိ မလိုသေးဘူး သားကလဲ ဟိုကလေးကို ချစ်တာကလွဲပြီး ယောကျာ်းတစ်ယောက်ပုံစံပဲလေ ဘယ်နားက မိန်းမနဲ့ တူနေလို့လဲ"

"....."

"အစက ကျွန်မလဲ လက်မခံနိုင်ပေမယ့် အခု လက်ခံပေးဖို့ ကြိုးစားကြည့်နေပြီ...ဘာပဲဖြစ်ဖြစ် သားရဲ့ ဖြစ်တည်မှုပဲလေ"

"အဲ့တာက မင်းကိစ္စလေ!!ငါကတော့ ငါ့သားကို အဲ့လိုအဖြစ်ခံမှာမဟုတ်ဘူး မင်္ဂလာပွဲကို မရရအောင်စီစဥ်မှာ"

"သားကြီးရယ်...သားကြီး အတင်းအကြပ်လုပ်နေတော့ရော မြေလေးမပျော်ရင် ဘာလုပ်မှာလဲ အခုလဲ မြေးလေးပုံစံကိုကြည့်ဦး အရင်ထက်ပိန်သွားလိုက်တာ...သားကြီးသာ အခုလိုဆက်လုပ်နေရင် မြေးလေးစိတ်ထဲ သားကြီးကို နာကျည်းသွားလိမ့်နော်"

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Where stories live. Discover now