Episode 20

1.7K 103 42
                                    

Unicode

"ဖြောင်း...!!ရွှီး..."

ပြောင်ရှင်းနေသော ​ကျောင်းဝန်ကျယ်ကြီးထဲ၌ လေးထောင့်ဆန်ဆန် ဖန်တီးထားသည့် ဘောလုံးကွင်းအသေးလေး၌ ဒိုင်လူကြီးဟန်တူသည့် ကျောင်းသားတစ်ယောက်ရဲ့ ဝီစီမှုတ်သံနှင့်အတူ ကစားကမားများ၏ လက်ဝါးခြင်းရိုက်သံကလည်း ဖြောင်းခနဲ ထွက်ပေါ်လာသည်။

"တော်လိုက်တဲ့ ငါ့ကောင်!"

ကောင်းခန့်ဦးက ကွင်းထဲ၌ ပတ်ပြေးနေသော တည်တံ့ဦးအား လှမ်းကြည့်ရင်း ပြောလိုက်တော့ တည်တံ့က မျက်ခုံးတွေအား ပင့်ပြရင်း ကောင်းခန့်ဘက်ကို လက်မထောင်ပြလာသည်။

တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ရင်း ဂုဏ်ယူနေဆဲမှာပဲ ဒိုင်လူကြီးဆီမှ အဝါကဒ်ထောင်ပြလာသည်ကို မြင်ရတော့ လူချင်းလဲခွာလိုက်ကာ နားမလည်နိုင်သော မျက်လုံးတွေဖြင့် ဒိုင်လူကြီးကိုသာကြည့်နေမိသည်။

ညနေ ကျောင်းဆင်းချိန်ဖြစ်၍ ကိုးတန်းကျောင်းသားများနှင့် ဆယ်တန်းကျောင်းသားများ  အပျင်းပြေ ကစားသည့် ပွဲလေးသာဖြစ်သည်။တခြား ကျောင်းသားများမရှိတော့တာကြောင့် အကဲဖြတ်ပေးခိုင်းသည့်ဒိုင်လူကြီးမှာ ၅တန်းကျောင်းသားလေးသာဖြစ်သည်။

*ဒါတောင် မုန့်ဖိုး၅၀၀ပေးပြီး လုပ်ခိုင်းထားတာ။

"ဘာလဲ?ငါဘာလုပ်လို့ အဝါကဒ်ပြတာလဲ? ငါတို့ဂိုးဝင်သွားတာလေ"

တည်တံ့က ဒူးခေါင်းလောက်သာ ရှိသောဂိုးပေါက်လေးကို လက်ညိုးထိုးပြရင်း ပြောလိုက်တော့ ဒိုင်လူကြီးပေါက်စက ခပ်တိုးတိုးရယ်ပြလာသည်။

"သားကြည့်ဖူးတဲ့ ဘောလုံးပွဲထဲက ဒိုင်တွေလို ပြကြည့်တာလေ!လှလို့ အဝါရောင်လေး..ဟီးဟီး"

"ဒီ...ဖေ!"

တည်တံ့မှာ ခါးထောက်လျက် ဒိုင်လူကြီး ငနဲလေးကို ပေစောင်းစောင်းကြည့်နေမိသည်။ဆဲမိရင်လဲ သူများအိမ်က ကလေးလေးမလို့ သူအမေက ထမိန်အလံထူပြီး လိုက်လာမှာ အသေအချာ။

"ဟေ့ကောင်....ဒီကဒ်တွေက လှလို့ထည့်ထားတာမဟုတ်ဘူး!"

"အာ့ဆို ဘာလို့ ထည့်ထားတာလဲ?"

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Where stories live. Discover now