Episode 4

2.3K 158 15
                                    

Unicode

ကျောင်းဖွင့်ရက် ပြန်ရောက်ပြီမလို့ မနက်စောစောစီးစီးမှာ ယမင်းမေရဲ့ အသံက စူးထွက်နေသည်။တည်တံ့ကတော့ ဒီတစ်ခါအကြာကြီးမနိုးလိုက်ရ။

ရေမိုးချိုးပြီး မနက်စာ စားကာ ကားမှတ်တိုင်ဆီထွက်လာမိတော့ ထိုနေရာလေးမှာ မိမိအရင် ဦးစွာထိုင်နေတဲ့ အဖြူနဲ့အစိမ်းနှင့် ကောင်လေးတစ်ယောက်အားတွေ့လိုက်ရသည်။

ထိုကောင်လေးက မိမိလာသည်ကို မြင်ပါရက်နဲ့ တစ်ချက်သာ အကြည့်ပို့ပြီး မျက်နှာလွှဲသွားပြန်သည်။

"အဟမ်း"

တည်တံ့ချောင်းဟန့်လိုက်သော်လည်း လှည့်မကြည့်ပါ ခေါင်းငုံ့လျက်သာ စာအုပ်ထိုင်ဖတ်နေသည်။တည်တံ့ ကြာတော့ အံ့သြလာသည်။ဒီကောင်လေးကို တွေ့တိုင်း အမြဲစာဖတ်နေတာကိုသာ မြင်နေရသည်။မပျင်းဘူးလားမသိ။

"အဟမ်း အဟမ်း"

"........."

"မိုးသည်း...."

မိုးသည်းလည်း မိမိနာမည်ကို ခေါ်လာတာကြောင့် ခေါင်းမော့ ကြည့်လိုက်သည်။ကားမှတ်တိုင်က ထောက်တိုင်လေးကို ဖတ်တွယ်ပြီး မိမိအားပြုံးပြနေတဲ့ တည်တံ့ရဲ့ မျက်နှာက ပကတိကြည်လင်နေသည်။

"မင်းအမေကားနဲ့ မသွားဘူးလား"

"အင်း"

တည်တံ့ခေါင်းတစ်ညိမ့်ညိမ့်ဖြင့်သာ လျစ်လျူရှုဖို့ လုပ်လိုက်ပေမယ့် အေးဆေးတည်ငြိမ်နေတဲ့ မိုးသည်းကိုမြင်သည်နှင့် လျစ်လျူရှုချင်စိတ်တွေက ကြက်ပျောက်ငှက်ပျောက်။

မိုးသည်းထိုင်နေတဲ့ ဘေးသို့ လစ်ခနဲဝင်ထိုင်ကာ မိမိဖတ်နေတဲ့ စာအုပ်ကိုပါ အသည်းအသန် လိုက်ဖတ်နေတဲ့ တည်တံ့ကြောင့် စာအုပ်အား ပိတ်ချလိုက်သည်။

"ကျောင်းကားက ဘယ်အချိန်လာမှာလဲ?"

"ခဏနေ"

တည်တံ့ဖြေပေးလိုက်တော့ ပိတ်ထားတဲ့စာအုပ်အားပြန်ဖွင့်ရင်း တစ်ခါ စာဖတ်နေပြန်သည်။တည်တံ့စိတ်မရှည်စွာ ထိုစာအုပ်အားဆွဲလုလိုက်သည်။

"ဘာလဲ?"

"ဘာလို့ ကျောင်းကားနဲ့လိုက်မှာလဲ"

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Where stories live. Discover now