Episode 40

1.2K 75 35
                                    

Unicode

"ယမင်းရေ..."

အခန်းထဲမှာ ဇာတ်လမ်းတွဲကြည့်နေတဲ့ ယမင်းတစ်ယောက် ခြံပြင်ဘက်က ခေါ်သံကြောင့် ပြတင်းပေါက်ကနေ ငုံ့ကြည့်မိသည်။

တက္ကစီဟန်ထင်ရသည့် ကားပေါ်မှာ ဆင်းလာတဲ့ အမျိုးသမီးကြောင့် ယမင်းမျက်လုံးတွေ အဆမတန်ပြူးကျယ်ကုန်သည်။

နှုတ်ကလည်း
"မမိုး~"ဟု ခပ်တိုးတိုးရွတ်မိသည်။

အပေါ်ထပ်ကနေ လှမ်းကြည့်နေသည့် ယမင်းကို မြင်သည့်အခါ မိုးသံသာလှိုင်သည် ယဥ်ကျေးပြုငှာစွာ တစ်ချက်ပြုံးပြသည်။

ယမင်းလဲ ဝမ်းသားအားရ ပြန်ပြုံးပြရင်း အောက်ထပ်ကို ပြေးဆင်းလာခဲ့သည်။သားတော်မောင်၏ အခန်းတံခါးကိုခေါက်ဖို့လဲ မမေ့ခဲ့ချေ။

ခြံထဲကို ရောက်သည်နှင့် တံခါးအား ဆွဲဖွင့်လိုက်ပြီး အားပါပါဖြင့် ဆွဲဖက်လိုက်သည်။မိုးသံသာလှိုင်က လန့်သွားသော်လည်း အပြုံးတော့မပျက်ခဲ့ချေ။

"မမိုးရယ်...လာမယ်ဆိုလဲ ဖုန်းကြိုဆက်ပေါ့ရှင် အခုလို ရုတ်တရက်ကြီး တွေ့ရတော့ ဝမ်းသာရုံက လွဲပြီး ဘာပြောရမှန်းတောင်မသိတော့ဘူး"

နှစ်တွေအကြာကြီး မတွေ့ရသည်မလို့ ယမင်းရင်ထဲ ပျော်တာရော ဝမ်းနည်းတာရော လုံးထွေးကုန်သည်။ထွက်သွားတုန်းကလည်း ရုတ်တရက်ဆိုသလို၊ပြန်လာတော့လဲ ရုတ်တရက်ကြီး ဖြစ်နေသည်မလား။

"ကျောင်းမှာပရောဂျက်အသစ်လုပ်ဖို့ရှိတယ်လေ ယမင်းရဲ့...အရင်ကအုပ်ချုပ်ဖူးတဲ့ ကျောင်းအုပ်ဆိုတော့ သတိတရ ဖိတ်တာနေမှာ"

"အော်...ဒါဆို ပြန်လာနေကြတာ မဟုတ်ဘူးပေါ့"

ယမင်းက ဝမ်းနည်းသွားသယောင်ဆိုတော့ မိုးသံသာလှိုင်က ခပ်တိုးတိုးရယ်သည်။

"တစ်ပတ်ကျော်လောက်တော့ကြာဦးမှာ"

"ဟွန်းး"

ယမင်းက နှာတမှုတ်မှုတ် လုပ်နေတော့ မိုးသံသာလှိုင်မှာ ရယ်နေရင်းပင် ပြောရမည့် ကိစ္စအား သတိရသွားသည်။

"အော်...ယမင်း!"

"အင်း"

"အရင်က ဒီအိမ်ငှားပေးတဲ့ အမျိုးသမီးလေ"

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Where stories live. Discover now