Episode 10

2K 135 10
                                    

Unicode

"သားကို ဘာလို့တစ်ယောက်ထဲပြန်လွှတ်လိုက်တာလဲ မိုးသံသာ!"

တိတ်ဆိတ်နေတဲ့ မိသားစု ထမင်းဝိုင်းလေးထဲ ဝင်လာပြီး ဒေါသံမောသံဖြင့် ဆိုလာသော ဦးနဒ္ဒထွဋ်ခေါင်၏ စကားကြောင့် မိုးသံသာလှိုင်၏ လက်ထဲကဇွန်းလေးဟာ လေထဲ၌ရပ်တန့်သွားရသည်။

ထမင်းစားနေတုန်း စကားမများချင်တာကြောင့် လျစ်လျှုရှုဖို့ ပြင်လိုက်သော်လည်း နဒ္ဒထွဋ်ခေါင်ဆိုတဲ့ သူမ၏ အမျိုးသားသည် ထိုမျှလောက်နဲ့ ကျေနပ်မည့်လူမဟုတ်ပါ။

"သားသမီးကို ဘယ်လိုတွေ သွန်သင်ပြီး ဘယ်လိုတွေ အုပ်ချုပ်နေလဲတော့မသိဘူး သွားနေတဲ့ လမ်းက ဖအေက ဒီဆို သူက ဟို!"

"ကျွန်မသားကို ဘယ်လိုပဲ အုပ်ချုပ်..အုပ်ချုပ် ရှင်နဲ့မဆိုင်ပါဘူး အခုလဲ သူပြန်ချင်လို့ ပြန်ခိုင်းလိုက်တာ ဘာဖြစ်သွားနိုင်လဲ?"

မိုးသံသာလှိုင်၏ စိတ်သည် ရေတံခွန်ကဲ့သို့ ပွက်လောရိုက်နေပေမယ့် အသံကတော့ ရေသေပမာ ငြိမ်သက်နေသည်။

"အေး...ကောင်းတယ် မအေရော သားရော ဒီစောက်ချိုးတွေ မသွားနဲ့ဆိုတဲ့ နေရာကို ရအောင်သွားတယ် မလုပ်နဲ့ဆိုတဲ့ အရာကို ရအောင်လုပ်တယ် ငါ့ကိုရော ဒီအိမ်ရဲ့ မိသားစုလို့ သတ်မှတ်သေးရဲ့လား"

"မိသားစု?အဟား"

ရယ်သံလွှမ်းကာ ဆိုနေတဲ့ မိုးသံသာလှိုင်၏ အသံသည် ဦးနဒ္ဒ အဖို့ ဒေါသကို နှစ်ဆထွက်စေပါသည်။

"ရှင့်လိုလူကို မိသားစုလို့ သတ်မှတ်ရမယ်ပေါ့!အိမ်ကို အလည်ပြန်လာတဲ့ မိန်းမနဲ့သားကို အခုလိုတွေ ပြဿနာ လိုက်ရှာနေတဲ့ လူကိုလေ"

"ငါက ပြဿနာရှာတာလား မင်းတို့သားအမိက ပြဿနာကို ဖန်တီးနေတာလား ပြန်စဥ်းစားကြည့်ပါဦး ဘာမဟုတ်တဲ့ တောလျှိုတောင်ကြားကရွာကိုပဲ တအားတွေ သွားချင်နေကြတာလေ"

"......."

"ကျောင်းအုပ်တဲ့ ဟုတ်လား သားတစ်ယောက်ကိုတောင် မအုပ်ချုပ်နိုင်ပဲ တစ်ကျောင်းလုံးကို ဘယ်လို အရည်အချင်းနဲ့အုပ်ချုပ်လဲတော့ နားမလည်နိုင်ဘူး"

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Where stories live. Discover now