Episode 17

1.6K 101 19
                                    

Unicode

"ဟျောင့်..တည်တံ့ဦး!ဖြေးဖြေးစားပါ နင်ပြီး သေနေဦးမယ်"

တူနှစ်ချောင်းကို မိမိရရကိုင်ကာ ရှမ်းခေါက်ဆွဲတွေအားပါးစပ်ထဲသို့ တရက်စပ်ထိုးသွပ်နေတဲ့ တည်တံ့ကြောင့် စိုင်းမြတ်နိုးက သတိပေးသလို ဟန့်လိုက်ခြင်းပါ။ဘာဖြစ်လာမှန်းမသိပေမယ့် ရောက်ကတည်းက တစ်ပွဲပြီး တစ်ပွဲမှာစားနေတာ လေးပွဲလောက်ပင်ရှိနေပြီ။သူစားနိုင်လို့ စားတာကိစ္စမရှိပေမယ့် တစ်ပွဲစာတောင် အပြည့်မရှင်းတဲ့ကောင်ကြောင့် လေးပွဲစာမျှ ကျသင့်ငွေက မိမိတို့ ဆိုင်လေးအတွက် အထိနာစေမှာတော့အမှန်ပင်။

"တောထဲက ပြန်လာပြီး ဖုတ်ဝင်လာတာလား?"

"ပါးစပ်ပိတ်ထား...မင်းကိုပါ ဝါးစားမိလိမ့်မယ်"

"အေး...အေးပါ ငါ့ကိုတော့ မစားပါနဲ့ ငါကမင်းဘာဖြစ်လာတာလဲ သိချင်လို့ပါ"

စိုင်းမြတ်နိုး၏ အပြောကြောင့် လက်ထဲကတူအားဆောင့်ချလိုက်ရင်း စားပွဲပေါ်က တစ်ရှူးဘူးကို လှမ်းဆွဲကာ တစ်ရှူးတစ်ရွက်ကို ထုတ်၍ ပါးစပ်တွေအား ဟန်ပါပါသုတ်ပစ်လိုက်သည်။

"မင်းကိုလဲ မစားပါဘူး ရွံလို့..."

"ခွေးသား.."

စိုင်းမြတ်နိုးက ခပ်တိုးတိုးဆဲရင်း မိမိသိလိုသည်ကိုသာ ဆက်မေးလိုက်သည်။

"ဘာဖြစ်လာတာလဲ အရင်ပြောဦး ငါ့ဆိုင်ရှေ့ ဆိုင်ကယ်ကြီး ထိုးရပ်ကတည်းက လန့်နေရတာ"

"ဒေါသထွက်နေတာကွာ တအားကို ဒေါသထွက်နေတာ လူသတ်ချင်လောက်အောင်ပဲ လည်ပင်းကိုညှစ်ပြီး အဲ့ဒီအုတ်တံတိုင်းနဲ့ နှစ်ချက်သုံးချက်လောက် ဆောင့်ရိုက်ပြစ်ချင်တာ"

အမူအရာတွေနဲ့ပါ အံကြိတ်ပြီးပြောနေတဲ့ ပုံစံက တကယ်ကို လူသတ်ချင်နေတဲ့ ပုံမလို့ ကပ်ထိုင်လျက်အနေအထားကနေ ဘေးသို့ ၃လက်မလောက်ရွှေ့ထိုင်လိုက်ရသေးသည်။ကာယကံရှင် ဘယ်သူလဲ မသိပေမယ့် စိုင်းမြတ်နိုးတော့ ထိုလူ့အစား ကျောတွေပါ ချမ်းလာသည်။

"တောက်ခ်!!တွေးလိုက်ရင် ပိုဒေါသထွက်တယ် အဲ့လက်ကြီး ချိတ်ထားပြီး အဲ့လိုရုပ်လေးလုပ်ပြနေမှတော့ ကျစ်..."

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Where stories live. Discover now