Episode 37

1.9K 100 54
                                    

Unicode

နှစ်ယောက်အတူ ဘတ်စ်ကားဖြင့် စျေးဘက်ထွက်လာပြီး အိမ်မှာသာ ဟင်းချက်စားရန် လိုအပ်သည့် ပစ္စည်း အနည်းငယ်ကို ရှာကြံဝယ်လာလိုက်သည်။

ခဏလေးဟု တွေးကာ ထွက်လာလိုက်ပေမယ့် အိမ်ပြန်ရောက်တော့ မွန်းတည့်ချိန်ပင် အတော်လေးကျော်နေလေပြီ။ရောက်ရောက်ချင်း ရေအဝသောက်ကာ ဝယ်လာတဲ့ ပစ္စည်းများကို နေရာချ၍ ချက်ရမည့်ဟင်းအတွက် ပြင်ဆင်ရသည်။

"ဝက်သားနဲ့ ဘာနဲ့ချက်မှာလဲ?"

"မသိဘူးလေ..."

"ဟမ်...တစ်မျိုးတည်းလား?အော်...ဒါမှမဟုတ် ဆီပြန်လား?ကြိုက်တယ် ချက်!ချက်! အိမ်မှာဆို ဒေါ်ယမင်းက အမြဲအဲ့လိုပဲ ချက်ကျွေးနေကြ!"

တည်တံ့က မြူးတူးစွာပြောနေပေမယ့် မိုးသည်းမှာ ဟိုကုပ်ဒီကုပ် ဘာလုပ်ရမှန်းမသိဖြစ်နေသည်။

ဒါကို ရိပ်မိတဲ့တည်တံ့ရဲ့ မျက်နှာကလဲ ချက်ချင်းမှောင်ကျသွားပြီး မိမိနာမည်အား ခပ်တိုးတိုး ခေါ်လာသည်။

"မိုးသည်း..."

"ဟင်"

"ချက်ရော ချက်တက်ရဲ့လား?"

"ဟင့်အင်း!"

မိုးသည်းက အားမနာတမ်းငြင်းလိုက်တော့ တည်တံ့မှာ ပြုံးစိစိဖြစ်သွားရသည်။အဆင်ပြေတာ တစ်ခုခု ဝယ်စားဖို့ တွေးခဲ့ပေမယ့် စျေးသွားပြီး ဟင်းချက်စရာတွေ ဝယ်လာတော့ ဟင်းချက်တက်တယ်ဟု ထင်လိုက်မိတာလေ။

"ဒါ...ဒါပေမယ့် ကြိုးစားကြည့်မယ်လေ!မေမေ ချက်တာကို ကူဖူးတယ် ဟင်းတော့ ဖြစ်မှာပါ"

"ဟားဟား...မင်းကတော့လေ...ဟင်းမချက်တက်ပဲ ငါ့ကို ချက်ကျွေးဖို့ ဘယ်လိုများ စိတ်ကူးရသွားတာလဲ ပြောပါဦး"

"မင်းက ခဏခဏ ဖျားနေတာကို..."

"......"

တကယ်က အစားအသောက်မမှန်တဲ့ တည်တံ့ကြောင့် အခုလို ချက်ကျွေးဖို့ စိတ်လောသွားခြင်းပါ။ကိုယ်တိုင်က မချက်တက်တာကို ခေတ္တမျှ မေ့သွားခဲ့သည်။

"ဒါမှမဟုတ် ဒီပိတ်ရက်မှာ မေမေ့ဆီက ဟင်းချက်သင်ထားလိုက်ရမလား?"

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Où les histoires vivent. Découvrez maintenant