[part-3]

1.9K 121 4
                                    

"unicode"

မနက်ခင်းရောက်တော့jungkookမျက်လုံးဖွင့်လိုက်တာနဲ့သူ့ရင်ခွင်ထဲမှာအိပ်ပျော်နေတဲ့ကလေးငယ်ကိုတန်းမြင်ရသည် အေးချမ်းစွာအိပ်ပျော်နေတဲ့ကလေးငယ်ကြောင့်jungkookစိုက်ကြည့်နေမိသည် ဒီကလေးကိုသာသူ့မိဘတွေပြန်လာခေါ်တဲ့အချိန်ကြရင်သူရင်ဆိုင်နိုင်ပါမလား..သံယောဇဥ်အမြစ်စတွယ်နေပြီဆိုတာသူသတိထားမိသည် ဒီကလေးကိုတသက်လုံးသူနဲ့အတူထားချင်ပါသည်taehyungငယ်ကိုသူ့ရင်ခွင်မှာသာနေစေချင်ပါသည် သို့ပေမဲ့ထိုအရာတွေကမသေချာမရေရာ..ထိုသို့တွေးလိုက်တိုင်းရင်ထဲလစ်ဟာသွားသလိုခံစားချက်တွေဟာမကောင်း..။

သူအတွေးထဲမျောနေတုန်းကောင်လေးဟာနိုးလာလေပြီ jungkookစိုက်ကြည့်နေတာကိုနိုးနိုးချင်းမြင်လိုက်ရတာမလို့အနည်းငယ်ရှက်သွားရသည် ဦးဂျွန်ရဲ့စူးရှတဲ့အကြည့်တွေကိုသူမခံနိုင်ပါ..

"ဦးဂျွန်..."

ခပ်တိုးတိုးလေးခေါ်လာမှjungkookပြန်သတိကပ်သည် သူ့အကြည့်တွေကြောင့်ရှက်သည်ထင်မျက်နှာလေးမှာခပ်ရဲရဲ

"နိုးလာပြီလား.."

"ဟုတ်ဦးဂျွန်"

"ဒါဆိုထတော့ကလေး"

jungkookကိုယ်တိုင်အိပ်ရာကထပြီးရေချိုးခန်းထဲကိုခပ်မြန်မြန်ဝင်သွားတော့သည် jungkookပြန်ထွက်လာသည့်တိုင်ကလေးလေးမှာကုတင်ထက်ခံစားချက်မရှိသလိုငူငူလေးထိုင်နေသည် တခါတလေကြဒီကလေးဟာငြိမ်သက်နေလွန်းသည်

"ကိုယ်ပြီးပီ ကလေး ရေချိုးခန်းသုံးလို့ရပြီ"

"ဟို..ဟို"

"ဘာပြောစရာရှိလို့လဲကောင်လေး"

"အဝတ်အစားကကြယောင်းဘာဝတ်ရမာလဲဟင်"

"ဘာမှမဝတ်နဲ့ပေါ့"

jungkookရုပ်တည်ကြီးနဲ့စလိုက်တော့မျက်နှာလေးမှာစူပုတ်သွားသည်

"ဦးဂျွန်ကလဲ ယောင်းအတည်ပြောနေတာလို့"

"ကိုယ်လဲအတည်ပြောနေတာပဲလေ"

"ဦးဂျွန်ဂျောင်ဂုရှီး! အကျင့်ပုတ်ကြီး"

သူ့နာမည်အရှည်ကိုဆူအောင့်အောင့်နဲ့ခေါ်ချလာပြီးရေချိုးခန်းထဲဆောင့်အောင့်ဝင်သွားတဲ့ကလေးကိုကြည့်ပြီးjungkookအူလှိုက်သည်းလှိုက်ထိရယ်မိသည် ဒီကလေးကိုစနောက်ရတာဒီလောက်ထိပျော်စရာကောင်းမှန်းသူမထင်ထားခဲ့ ဖြစ်သွားတဲ့မျက်နှာအပြုအမူတစ်ခုခြင်းဆီတိုင်းကချစ်စရာကောင်းလှသည်

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]Where stories live. Discover now