[part-32]

928 58 8
                                    


"unicode"

ည 7နာရီခွဲ..partyစသည့်အချိန်ဖြစ်လို့taehyungနဲ့jungkookဟာ ခြံဝန်းထဲသို့ရောက်ရှိနေပြီဖြစ်သည်

kimစံအိမ်ဟာနန်းတော်အလား ကျယ်ဝန်းလှပပြီးခမ်းခမ်းနားနားတည်ရှိသည်
ပွဲစတာနဲ့taehyungဟာအသိမိတ်ဆွေတွေကိုလိုက်ပြီးဧည့်ခံနှုတ်ဆက်နေရသည် ဒါဟာသိမ်တော့မလွယ်ကူလှပါ ပြုံးပြရတာပါးစပ်တွေအံသေလာသလို သူဟာဒီနေ့အတွက်အဓိကလူ​နေရာမှာရှိနေတော့ရှောင်ထွက်လို့ကလဲအဆင်မပြေပါ ဟိုဘက်ဒီကူးနေရတာကအနည်းငယ်စိတ်ကျဥ်းကျပ်စေပေမဲ့ကြိုးစားနေသည်

ကင်မ်ထယ်ဟျောင်း ဒီအချိန်ခနလေးတော့သည်းခံလိုက် ဖိုက်တင်း

ကိုယ့်ကိုကိုယ်အားပေးပြီး အကောင်းဆုံးလုပ်ဖို့ပဲပြင်လိုက်သည်

ဧည့်သည်တွေနဲ့လိုက်ရောညီထွေဖြစ်နေပြီး
ပင်ပန်းနေသည့်တိုင်အောင်အပြုံးမပျက်တဲ့သူ့ကောင်လေးကကြိုးစားနေရှာတာ သူဟာလဲ ပွဲအတွင်းရင်းနှီးတဲ့မိတ်ဆွေတွေနဲ့တစ်ယောက်ပြီးတစ်ယောက်လာနှုတ်ဆက်နေတာနဲ့တိုးမပေါက်တော့တာမို့ ခနနေမှသူ့ကလေးငယ်သွားဖို့လုပ်လိုက်သည်။

partyထဲမျက်မှန်အနက်နဲ့ဆံပင်ကိုသပ်တင်ထားပြီးရှိုးအပြည့်နဲ့ဝင်လာတဲ့Charles ဧည့်ခံနေတဲ့taehyungဟာရုတ်တရပ်သူ့ကိုလူတစ်ယောက်စိုက်ကြည့်နေတယ်လို့ခံစားလာရတာကြောင့်လည့်ကြည့်လိုက်တော့သကောင့်သားဖြစ်နေသည်။

"Charles?"

​ရုပ်ရှင်မင်းသားတွေလိုဖြည်းဖြည်းချင်းလျှောက်လာသည် ဒီကောင်တော်တော်ကိုဝတ်စားထားတာကြောင့်ရုတ်တရပ်မမှတ်မိသလိုတောင်ဖြစ်သွားသည်။

"ဖေ့သားကြီး ငါ့ကိုသတိရသေးရဲ့လား"

ပြောင်စပ်စပ်မျက်နှာဘေးနဲ့ပြောလာသည်
Charlesလက်ကိုဆွဲပီးစားပွဲဝိုင်းတစ်ခုဆီခေါ်လာခဲ့လိုက်သည်။

"ဘယ်လောက်တောင်ရှိုးထုတ်ထားတာလဲ ရေမွှေးနံ့တွေမွှန်ထူနေတာပဲ"

"ရာ့ မင်းကိုဂုဏ်ပြုဖို့အတွက်ပိုက်ဆံဘယ်လောက်အကုန်ကျခံပြီးပြင်လာရတယ်မှတ်လဲ ကျေးဇူးတင်စမ်း"

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]Where stories live. Discover now