[part-15]

1.3K 87 5
                                    


"unicode"

taehyungကို​ပုခုံးကနေဆွဲယူပြီးအုတ်နံရံနားကိုကပ်စေကာ ငိုနေလို့တုန်ယင်နေတဲ့ဆိုရဲရဲနှုတ်ခမ်းပါးတို့ကိုဖိကပ်နမ်းလိုက်သည့်jungkook..။

Taehyungကြောင်အနေမိသည် အခု...သူ့ကိုနမ်းလိုက်တာလားဦးဂျွန်က??..

အသက်ရှူကြပ်လာတော့jungkookရင်ဘတ်ကိုလက်နဲ့အသာပုတ်ပီးတွန်းတော့အသာတကြည်လွှတ်ပေးလာသည်

taehyungဟောဟဲလိုက်ပြီးအသက်ဝအောင်ရှူနေရသည်

"ဘာလို့​ယောင်းကိုနမ်းရတာလဲ...ယောင်းကအဲ့လောက်လွယ်နေတယ်လို့ဦးဂျွန်ထင်နေတာလား!.."

"မဟုတ်ဘူး...ချစ်လို့.."

"ဟင်.."

"ကိုယ်မင်းကိုချစ်တယ်.."

taehyungဘာမှမပြောနိုင်လိုက်jungkookရင်ခွင်ထဲသို့ဆွဲသွင်းခံလိုက်ရသည်

"သဝန်တိုတယ် ကိုယ်မဟုတ်တဲ့တခြားတယောက်နဲ့ရယ်မောပြီးစကားတွေပြောနေတာကိုမကြိုက်ဘူး...မင်းရယ်လိုက်ရင်ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်သလဲ..ကိုယ်မင်းအဆုံးရှုံးမခံနိုင်ဘူးကလေးလေးရယ်"

taehyungကိုယ်လေးတသိမ့်သိမ့်တုန်လာလို့jungkookကြည့်မိတော့ မျက်ရည်တွေစီးကျပြီးရှိုက်သံလေးတွေထွက်တဲ့အထိငိုနေတဲ့taehyung

"ကိုယ့်ကြောင့်လား...ကိုယ်မင်းကိုချစ်လွန်းလို့ဖွင့်ပြောမိတာပါကိုယ့်အချစ်ကိုလက်မခံချင်လဲရတယ်..ကိုယ်ကပဲဂရုစိုက်ပေးပြီးချစ်ပေးမှာပါ..ဒါကြောင့်မငိုပါနဲ့"

"ဘယ်သူကလက်မခံပဲငြင်းနေလို့လဲ...အရူးကြီးရဲ့"

"ကိုယ်ဖွင့်ပြောတာကြောင့်ငိုတာမဟုတ်ဘူးလား.. "

"ဟင့်အင်..ယောင်းပျော်လို့ပါ"

"...."

"ငတုံးကြီး..ဘယ်သူကမချစ်ပဲနမ်းမလဲ..ဒီလောက်သိသာအောင်ထုတ်ပြခဲ့တာတောင် ဦးဂျွန်ကမမြင်ဘူးလေ မကောင်းတဲ့လူကြီး"

".ဒါဆိုကလေးလေးလဲကိုယ့်ကိုချစ်တယ်ပေါ့.."

"အင်း..ယောင်းဦးဂျွန်ကိုချစ်တယ်"

"ဟား...ကိုယ်ပျော်လိုက်တာကလေးလေးရာ"

taehyungကိုယ်လေးကို  ပင့်ချီလိုက်တဲ့jungkook..

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]Where stories live. Discover now