[part-36]

948 73 5
                                    


"unicode"

ထိုနေရာကကားမောင်းထွက်လာပေမဲ့ နာကျင်နေတဲ့နှလုံးသားတစ်စုံကတော့မငြိမ်သက်နေ စိတ်တွေဟာလွင့်နေပြီးဘယ်အရာကမှအဓိပ္ပါယ်ရှိမနေတော့သလိုမျိုးခံစားနေရသည်

ယုံကြည်ပေးတာကိုလိုချင်ခဲ့တာပေမဲ့...ကိုယ်သိမ်မှားသွားတာပဲအချစ်ရယ်

ကားမောင်းနေရင်းကျနေတဲ့မျက်ရည်တွေကိုလဲမသုတ်ဖြစ်

ဆက်ပြီးကားမမောင်းနိုင်တော့မို့လမ်းဘေးထိုးရပ်လိုက်ပြီး စီးကရက်ကိုမီးညှိကာသောက်နေမိသည်

ဖြစ်ပျက်သွားတဲ့ပြသနာအရင်းမြစ်ကိုတွေးနေမိရင်း ပင့်သက်ရှိုက်မိသည်

မင်းကထွက်သွားခိုင်းပေမဲ့ ခနပဲရမယ်ကလေးရယ် ကိုယ်မင်းနားမှာအရူးလိုကပ်တွယ်နေမှာမို့ပါ

နာကျည်းတဲ့အကြည့်တွေနဲ့အော်ဟစ်ပြောဆိုခဲ့တာတွေက ရင်ထဲကိုတစ်ချောင်းဆီလာစိုက်ဝင်နေတဲ့ဓားချွန်တွေလို...

ခေါင်းကိုဆွဲဖွလိုက်ပြီး လာနေတဲ့ဖုန်းကိုကြည့်မိတော့ amelia

ဖုန်းကိုယူလိုက်ပြီးလမ်းဘေးတစ်နေရာကိုလွင့်ပစ်လိုက်တဲ့jungkook

တစ်ညလုံးထိုနေရာမှာနေပြီးစီးကရက်တစ်လိပ်ပြီးတစ်လိပ်သောက်ရင်းအချိန်ကုန်ခဲ့သည်

မင်းနဲ့အဆင်မပြေတဲ့ညတွေကတကယ်အထီးကျန်ပြီးနာကျင်ရတယ်ချာတိတ်ရဲ့

မနက်ရောက်မှအိမ်ကိုပြန်လာဖြစ်သည်
companyကိုလဲသွားရဦးမှာဖြစ်လို့စောစောသာထွက်လာခဲ့သည် တစ်ညလုံးမအိပ်ပဲထိုင်နေမိတာကြောင့်ခေါင်းတွေနောက်နေသည်

ရောက်တာနဲ့တန်းဆီပြီးကျလာတဲ့ဝန်လေးစရာများ ဒီတစ်ခါက companyမှာထိခိုက်ဆုံးရှုံးမူ့များသည် အသစ်စက်စက်ထုတ်ထားတဲ့ထုတ်ကုန်များက တစ်ပက်တိတိရောင်းအားကောင်းနေပေမဲ့ ရုတ်တရပ်ရစရာမရှိအောင်ထိုးကျသွားသည် ပြီးပြည့်စုံအောင်လို့သူတို့ဘယ်လောက်တောင်ကြိုးစားခဲ့ရသလဲ
တစ်လတောင်မပြည့်သေးပဲဖြစ်သွားတာ

အတွင်းရေးမှူးrayတင်ပြသည့်အရာများကိုနားထောင်ရင်း ခေါင်းတွေကိုက်လာသည်

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]Where stories live. Discover now