"ချစ်ရသောဦးဂျွန်"

676 35 0
                                    

"unicode"

လက်တော့နဲ့အလုပ်ရှုပ်နေတဲ့သူ
အနောက်ကနေဦးဂျွန်ရဲ့လည်တိုင်သို့အနမ်းခြွေရင်းသိုင်းဖက်လိုက်သည်။

"ဒီမှာဦးလေးကြီး ဒါအားလပ်ရက်ပါနော်
အလုပ်ချည်းပဲလုပ်နေမှာလားဗျ"

jungkookပြုံးရယ်သွားကာ သူ့ကိုဖက်ထားတဲ့taehyungလက်လေးကိုငုံ့နမ်းလိုက်ပြီး

"ပြီးတော့မှာပါကွာ"

"ပြောစရာရှိတယ်လို့ ဦး.."

"ခနလေးပဲ ကိုယ်အပြီးသတ်လိုက်မယ်နော်"

"ပြောစရာရှိပါတယ်ဆိုဗျာ တော်ပြီမပြောတော့ဘူး"

စိတ်ဆိုးသွားပြီးလက်တွေဖယ်သွားပြီးထွက်သွားဖို့ပြင်နေတဲ့ကောင်လေးကိုဆွဲဖက်ကာပေါင်ပေါ်ပွေ့တင်လိုက်သည်။

"စိတ်မဆိုးပါနဲ့ ကလေးလေးရာ ကဲအခုနားထောင်ပေးမယ်နော် ပြောဘာပြောမလို့လဲကိုယ့်ကို"

"ကလေးလိုချင်တယ်"

"ထပ်ပြီးအဲ့တာနဲ့ပက်သက်ပြီးလား ကိုယ်လက်မခံဘူးကလေးငယ်ရယ် အဲ့တာကိုမပြောနဲ့တော့"

"ကျွန်တော်ကလေးလိုချင်တယ်..နော်ဦး
လက်ခံပေးပါ"

"ကိုယ်မင်းကိုအထိခိုက်မခံနိုင်ဘူးလေ ဒါကအမျိုးသမီးတွေအတွက်တောင်မလွယ်ကူတဲ့ကိစ္စပါ ကလေးလေး..မင်းတစ်ခုခုဖြစ်သွားမှာမလိုချင်ဘူး ကိုယ်ရူးသွားလိမ့်မယ်"

ကလေးကိစ္စနဲ့ပက်သက်ပြီး ကလေးငယ်နဲ့စကားများရစမြဲ ကလေးလိုချင်တယ်လို့တဂျီဂျီပူဆာတိုင်း ဒေါသထွက်ရတယ် အထိအခိုက်မခံနိုင်ဘူး ခက်ခဲတဲ့ကိစ္စကို
ခွင့်မပြုနိုင်ဘူး။

"ဦး ကလေးချစ်တတ်တယ်မလား ကျွန်တော်တို့ရဲ့ကလေးလေး-"

"တော်ပြီယောင်းငယ် ဆက်မပြောနဲ့"

ထထွက်သွားတဲ့အခါ taehyungဟာမျက်ရည်များဝဲလာသည် နဂိုဆိုးတဲ့စိတ်ကလေးဟာရုန်းကြွလာတယ်။

"ဦးလက်မခံပေးနိုင်ရတာလဲ ကျွန်တော်တို့ကလေးကိုမလိုချင်လို့လား..ဘာလို့လဲ ဒီလောက်နည်းပညာတွေတိုးတက်နေပြီပဲ ကျွန်တော်တို့လုပ်နိုင်ပါတယ်"

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]Tempat cerita menjadi hidup. Temukan sekarang