"unicode"ဂျီဟေးရင်တထိတ်ထိတ်ဖြင့်အိမ်ကနေ ရီနာပို့ထားတဲ့လိပ်စာလေးကိုကြည့်ပြီးထွက်လာခဲ့လိုက်သည် ဘာပဲဖြစ်ဖြစ် သူများပစ္စည်းခိုးယူထားမိတဲ့အတွက်သူဟာစိတ်မလုံပါ
အပြစ်သားလိုခံစားနေရတာကြောင့်ညတောင်အိပ်မပျော်နိုင်ခဲ့။taxiငှားပြီးလိပ်စာထဲကအတိုင်းသွားတော့ တိတ်ဆိတ်တဲ့နေရာတစ်ခု..ဒါကစိတ်အပန်းဖြေရတာကြိုက်တဲ့သူဌေးတွေအတွက်သီးသန့်လုပ်ထားတဲ့နေရာတစ်ခု။
အထဲဝင်သွားတော့ဝန်ထမ်းတစ်ယောက်ကသူမဆီလျှောက်လာသည်။
"ဒီကဂျွန်ဂျီဟေးလားမသိဘူးရှင့်"
"ဟုတ်ပါတယ်.."
"ဒါဆိုတစ်ချက်လိုက်ခဲ့ပေးပါ"
ဝန်ထမ်းကောင်မလေးနောက်ကလိုက်ပါသွားရင်း အခန်းတစ်ခန်းရှေ့အရောက်ပို့ပေးသွားတယ်။
"ဝင်သွားလိုက်ပါ ဂျွန်ရီနာရှီးစောင့်နေပါတယ်"
"အာ ဟုတ်"
အခန်းတံခါးဖွင့်ပြီးဝင်သွားတော့အေးဆေးလေလေးချွန်ကာကော်ဖီတစ်ခွက်ကိုကောင်ဆောင်ပြီးသောက်နေတဲ့ရီနာကိုတွေ့ရတယ်။
"ကျွန်မရောက်ပါပြီ..."
ဂျီဟေးကိုမြင်ရောဝမ်းသာတဲ့ဟန်ပန်နဲ့ထလာသည်
"ရောက်လာပြီပဲ အရယူခဲ့ပေးတာတော်သားပဲ"
"ကဲအခုပေးတော့"
မပေးသေးပဲအင်တင်တင်လုပ်နေတဲ့ဂျီဟေးကြောင့်ရီနာမျက်မှောင်ကျုံ့သွားသည်
"ပေးလေ ငါစိတ်မရှည်ဘူးနော်"
"လိုချင်ရင် အဲ့vdကိုကျွန်မရှေ့တင်ဖျတ်ပေးပါ"
ဂျွန်ရီနာမျက်ခုံးများပင့်သွားသည် လျှော့တွက်လို့မရဘူးပဲဒီကလေးမ
"ပေးပြီးရင်မျက်စိရှေ့တင်ဖျတ်ပေးမယ်လေ"
"မရဘူး အခုဖျတ်ပေးပါ..."
"ကျစ်...နင်အရင်မပေးရင်ဒီမှာ လက်တစ်ချင်လှုပ်ရုံပဲ လိုင်းပေါ်ဖြန့်ပြီးသားဖြစ်သွားမယ်"
ဖုန်းကိုလှုပ်ပြကာခပ်ရွဲ့ရွဲ့ပြန်ပြောလာတဲ့ရီနာကြောင့်ဂျီဟေးခံပြင်းမိသည် သို့ပေမဲ့သူမဘာမှလုပ်လို့မရ။
YOU ARE READING
𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]
Fanfictionkim taehyungဆိုသည့်ကလေးငယ်သည်သူထပ်ခါထပ်ခါတွယ်ငြိမိချင်သောနှောင်ကြိုးလေးလှလှကလေးဖြစ်သည် [ဦးဂျွန်]