[part-30]

1K 55 6
                                    

"unicode"

Jeon JumSeongကျိန်ဆဲနေမိသည် မခန့်လေးစားနဲ့သူ့ဖုန်းကိုရာရာစစချသွားရဲတယ်? အဲ့ဒီjeon jungkookဆိုတဲ့မလောက်လေးမလောက်စားလေးကသူ့ကိုဒုက္ခတော်တော်ပေးတုန်း။

အလုပ်စားပွဲပေါ်ကိုတစ်တောက်တောက်ခေါက်ကာအသဲအသန်စဥ်းစားနေမိသည်
ထိုစဥ်အမောတကောဝင်လာသောသူ့အတွင်းရေးမှူး။

"အခြေအနေမကောင်းတော့ပါဘူးဥက္ကဋ္ဌကြီး"

"ဘာ?"

"အဆိုးဘက်ကိုပဲဆက်တိုက်ဦးတည်နေတာမို့အခြေအနေငြိမ်ဖို့ခက်ပါတယ် တင်ထားတဲ့platformကိုလည်းဖြုတ်ချလို့မရအောင်လုပ်ထားပါတယ် ဒီပုံတိုင်းဆိုမကောင်းတော့ပါဘူးဥက္ကဋ္ဌကြီး"

"သောက်သုံးမကျတဲ့ကောင်တွေ!!"

အတွင်းရေးမှူးစကားအဆုံးမျက်နှာကြီးနီရဲလာကာအတွင်းရေးမှူးဖြစ်သူကိုအားပြင်းပြင်းနဲ့ထိုးချလိုက်တာကြောင့်ကြမ်းပြင်ပေါ်သို့ဖင်ထိုင်လျှက်ကျသွားသည် ဒါကိုအင်္ကျီကိုဆောင့်ဆွဲပြီးဆက်တိုက်ထိုးနေသည် သွေးတွေဖျာကျတဲ့အထိထိုးနှက်နေပြီး ဒေါသအနည်းငယ်ပြေသွားမှမတ်တပ်ရပ်ကာကုတ်ကိုပြန်ပြင်ပြီး လက်ကိုလက်သုတ်ပုဝါနဲ့သုတ်နေတဲ့Jeon JumSeong

အတွင်းရေးမှုးခမျာအခုထိမထနိုင်သေးပေ။

"အမှိုက်လိုကောင်အခုထစမ်း"

ခြေထောက်နဲ့တစ်ချက်ဆောင့်ကန်ပြီးပြောလာတာကြောင့်ကုန်းရုန်းထရသည် မဟုတ်ရင်ဒီ့ထက်ပိုဆိုးတာတွေကိုလဲလုပ်လာနိုင်သည်။

"ဥက္ကဋ္ဌကြီး.."

"ဒီကိစ္စကိုကြိုးကိုင်တဲ့လူကိုမရရအောင်စုံစမ်း ငါသိချင်တယ် မိလို့ကတော့အသေပဲ!! ဘယ်သူ့ကိုလာစမ်းတာလဲခွေးမသားတွေ!"

"ဟုတ်ကဲ့ ကျွန်တော်တို့စုံစမ်းနေပါတယ်ဥက္ကဋ္ဌကြီး"

"အရင်ဆုံးအဲ့တင်ထားတဲ့ဟာကိုဖြုတ်ချဖို့လိုတယ်ကျွမ်းကျင်တဲ့network engineerတွေခေါ်ပြီးပိုက်ဆံဘယ်လောက်ကုန်ကုန်ဂရုမစိုက်ဘူး အဲ့တာကိုထပ်မမြင်ချင်ဘူး!! အာရုံသေချာစိုက်ပြီး​လုပ်စမ်းပါ မဟုတ်ရင်မင်းတို့လဲအငြိမ်နေမယ်မထင်နဲ့နော် ခွေးလိုကောင်တွေ"

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]Where stories live. Discover now