[part-21]

1.1K 76 11
                                    

"unicode"

taehyungအိပ်သွားတာနဲ့ဆောင်သေချာခြုံပေးလိုက်ပြီး namjoonနဲ့yoongiဆေးရုံဝန်းအပြင်သို့ထွက်လာလိုက်သည် yoongiဘောင်းဘီအိတ်ကပ်ထဲကဆေးလိပ်ဘူးကိုထုတ်ကာ ဆေးလိပ်သောက်နေသည်

"မနက်ဖန် ငါ jeon jungkookနဲ့သွားတွေ့မယ်"

"လောလောဆယ်တော့ သွေးပူနေတုန်းမလို့ တွေးနိုင်သေးမဲ့ပုံမပေါ်ဘူး yoongi ရက်နည်းနည်းကြာမှသွားသင့်တယ်"

"အမ်း မင်းပြောတာလဲ ဟုတ်ပါတယ်...ထယ်ဆေးရုံကိုရောက်နေတာကိုသိဦးမှာမဟုတ်ဘူး..."

"အင်း ဟုတ်တယ် သိအောင်တော့လုပ်ရမှာပေါ့ သူငါတို့အငယ်လေးကိုတကယ်ချစ်ရင်ဒီတိုင်းနေမှာမဟုတ်ဘူး"

"အသိသာကြီးပဲလေ သူ့ဘက်လည်းထည့်တွေးရင် အလိမ်ခံရသလိုပဲ ဒါကြောင့်အဲ့လိုဖြစ်နေတာ နှစ်ဖက်လုံးမမှားဘူးထင်တာပဲ.."

"ကြားထဲကအနှောက်လေးတွေကိုရှင်းရဦးမှာပဲ..."

"သိရရင် မှတ်လောက်အောင်လုပ်.."

"စိတ်ချ..."

"ငါသံသယရှိနေတာ mr.jeonရဲ့အစ်မပဲ"

"အင်း သူငြိမ်နေတာတစ်မျိုးပဲ "

"ဟုတ်တယ် အဲ့တာကြောင့်သံသယဖြစ်မိတာ"

"သူ့ကိုအဓိကစောင့်ကြည့်ထားခိုင်းရမှာnamjoon"

"အဲ့လိုလုပ်ဖို့စဥ်းစားထားတယိ"

namjoonက mr.jeonနဲ့ပက်သက်တဲ့အဖိုးနဲ့အစ်မရဲ့အချက်အလက်တွေပါသိတဲ့သူ နှံ့နှံ့စပ်စပ်ရှိတဲ့လူမလို့ စိတ်ချလို့ရသည်

"ဟုတ်ပြီ"

"အော် ဒါနဲ့ yoongiငါနေ့လယ်ကြချိန်းထားတာရှိလို့အငယ်လေးကိုမင်းကြည့်ပေးထားပေးဦး"

"အွန်း ငါရောအတွင်းရေးမှူးparkကောရှိနေတာပဲ"

namjoonလက်ခံသလိုခေါင်းညိမ့်ပြလိုက်သည်

ခနနေပြီးနှစ်ယောက်လုံးဆေးရုံထဲပြန်သွားကြသည်

ထိုညသည်အထီးကျန်စွာကုန်ဆုံးသွားသည်....။

မနက်ရောက်တော့

အခုထိအခန်းထဲထွက်မလာသေးတဲ့ဂျီဟေး...jungkookကလဲသူ့အပူနဲ့သူဆိုတော့သတိမထားမိ ဆော့ဂျင်သတိရသွားတယ်
သူထွက်မသွားခင်ကတည်းဂျီဟေးကအခန်းထဲကထွက်မလာသေးတာ တကယ်ဆိုသူကအိမ်မှာတစ်ချိန်လုံးရှိနေတာကို အသံတွေကိုကြားမိမှာ ဆော့ဂျင်ဂျီဟေးအခန်းရှေ့ရပ်လိုက်ကာတံခါးခေါက်လိုက်သည်

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]Where stories live. Discover now