[part-40]

1.1K 58 2
                                    


"unicode"

taehyungမသွားချင်ဆုံးကဘယ်ကိုလဲမေးရင် ကျောင်းကိုသာဖြေမိမှာ သူများတွေကတော့ကျောင်းမှာပျော်သလောက် သူကတော့ဦးဂျွန်ကိုမတွေ့ရရင်ကိုအဆင်မပြေလွမ်းနေသည်

မျက်နှာကြီးမှုန်သုန်နေတဲ့taehyungဘေးကိုဝူယောင်းလာထိုင်ပြီး

"ဟေ့ taehyungကန်တင်းသွားရအောင်လေအတူတူ"

"ငါမလိုက်တော့ဘူးဝူယောင်း"

"ဟာ မင်းကအဲ့အတိုင်းကြည့်ပဲ တစ်ခါတစ်လေတော့လိုက်ခဲ့ပါ ပျော်စရာကောင်းပါတယ်ဟ"

"အာ မလိုက်ချင်ဘူး"

"မရဘူးကွာ လာထ သွားမယ်"

ဇွတ်ဆွဲထူပြီးဆွဲခေါ်သွားတဲ့ဝူယောင်းနောက် စိတ်မပါလက်မပါနဲ့taehyungပါသွားလေသည်

ကန်တင်းရောက်တော့သကောင့်သားကစားစရာတွေယူပြီး စားပွဲဆီပြန်ရောက်လာသည်

"မင်းအတွက်ပါယူလာပေးတယ် မျက်နှာကြီးကစူပုတ်မနေစမ်းပါနဲ့ကွ"

"ဦးဂျွန်ကိုလွမ်းလို့ကွ မင်းဒါတွေဘယ်သိမလဲ ရည်းစားမှမရှိတာ"

ဝူယောင်းမျက်နှာမှာရှုံ့တွသွားပြီး

"မင်းရည်းစားရှိတိုင်းသူများကိုလာအနိုင်ကျင့်နေတယ် ငါရတော့မှာပါနော်"

"ဘယ်မှာလဲ မမြင်ရပါဘူး"

"တစ်နေ့နေ့ပေါ့ကွ ငါ့ကိုကြိတ်ကြွေနေတဲ့ကောင်မလေးတွေမှအများကြီး"

"အေးပါ အရူးစိတ်ချမ်းသာရင်ပြီးရော စိတ်ကြိုက်ပြော"

"ရာ့ kim taehyung!"

နှစ်ယောက်သားစကားများနေတုန်း ကန်တင်းထဲဝင်လာတဲ့လူတစ်ယောက်ကြောင့်တိတ်ဆိတ်ကုန်သည်

ကျောင်းရဲ့ရှယ်ယာဝင်အီယူဝွန်းဖြစ်သည် ရုပ်ရည်ကချောပြီးပြေပြစ်တာမျိုးကျောင်းသူလေးတွေအသဲစွဲကြိုက်တာခံရတဲ့လူ

အီယူဝွန်း taehyungတို့ရှိရာဝိုင်းကိုလျှောက်သွားပြီး စားပွဲခုံကိုလက်နဲ့ခေါက်လိုက်တော့ စကားများနေတဲ့သူငယ်ချင်းနှစ်ယောက်ကယူဝွန်းကိုကြည့်လာသည်

"ဟေ့ ကလေးတို့ ကိုယ်ဒီမှာထိုင်လို့ရမလားဟင်"

"မရဘူး"

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]Where stories live. Discover now