[part-34]

958 63 6
                                    


"unicode"

နှစ်လကြာပြီးနောက်...
ယောင်းကကျောင်းပြန်တက်နေပြီး သူကလဲအလုပ်တွေရှုပ်နေတာမို့တွေ့ချိန်ကအရင်ထက်ပိုနည်းလာသည်

သို့ပေမဲ့ကျောင်းကပြန်လာတိုင်းဖုန်းဆက်ပြီးအသိပေးတတ်တဲ့ကောင်လေးကြောင့်
အကြောင်းစုံသိရပါသည် အရင်ကထက်ပိုတည်ငြိမ်လာပြီးကိစ္စရပ်မှန်သမျှကိုလူကြီးလေးလိုတွေးခေါ်တတ်လာတဲ့ကောင်လေးကရင့်ကျက်လာလေပြီ

သူစိုးရိမ်နေတာကိုသိနေသည်ထင် တစ်ခုမကျန်အကုန်ကျောင်းမှာဖြစ်သမျှကိုပြန်ပြောပြသည်မို့စိတ်အေးရတယ် သူ့ကလေးလေးကလူတွေနဲ့ထိတွေ့ဆက်ဆံရမှာအခက်အခဲဖြစ်ပြီးပိုဆိုးသွားမှာကိုစိုးရိမ်နေတာ

အရင်လိုပုံစံလေးကသူနဲ့မှသာပြတော့သည် ဒီလိုဖြစ်ဖို့သူဘယ်လောက်ကြိုးစားခဲ့ရသလဲ စိတ်ဒဏ်ရာရနေတဲ့ကလေးငယ်ကအမြဲစိတ်အားငယ်နေတတ်တာ နည်းမျိုးစုံနဲ့ပျော်အောင်လုပ်ပေးခဲ့သည်မို့စိတ်အခြေအနေတိုးတက်လာခဲ့တယ် အနားမှရှိနေပေးပြီးစိတ်ခွန်အားဖြစ်စေမဲ့အရာလေးတွေပြောပြဖြစ်သည် ထိုအချိန်တွေမှာဆိုငြိမ်ငြိမ်ကလေးသူ့ရင်ခွင်ထဲမှာနေပြီးနားထောင်တက်သည်

ချစ်သူသက်တမ်းကြာလာနဲ့တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာပြီး နားလည်လာကြသည် အင်း သူတို့ဆက်ဆံရေးကနားလည်မူ့နဲ့တည်ဆောက်ထားခဲ့တာ
အလုပ်တွေရှုပ်နေလို့တစ်ခါတစ်လေသူဖုန်းမကိုင်ဖြစ်ရင်ထပ်မခေါ်တော့ကလေးငယ်ကအလိုက်တသိနဲ့ အနှောက်အယှက်ဖြစ်မှာဆိုးလို့စာလေးနှစ်ကြောင်းလောက်သာပို့ထားသည် သူလဲအလုပ်တွေပြီးရင်တန်းစာပြန်ဖြစ်ပါသည်။

စာနဲ့ပက်သက်လို့နားမလည်တာရှိရင်jungkookကိုယ်တိုင်ရှင်းပြပေးတက်သည် စိတ်ရှည်ရှည်နဲ့ဂိုက်လုပ်ပေးမိကြောင့်taehyungကလဲနဂိုတော်တာကြောင့်စာပိုလုပ်ဖြစ်လာပြီးအဆင့်တွေပိုကောင်းလာတာမို့ taehyungမိဘတွေကကျေနှပ်နေကြသည်။

ဒီနေ့ကျောင်းကိုသူကိုယ်တိုင်သွားကြိုဖြစ်သည် ​ပိုစောရောက်နေခဲ့တာမို့အနည်းငယ်စောင့်ပြီးနောက် ကျောင်းဆင်းလာသည်

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]Where stories live. Discover now