[part-35]

884 59 10
                                    


"unicode"

taehyung အတန်းချိန်တစ်ချိန်လွတ်နေသည့်မို့ jungkookကိုဖုန်းခေါ်ကြည့်တော့မကိုင်အလုပ်ရှုပ်နေသည်ထင်ထပ်မခေါ်တော့ပဲ j companyသို့ထွက်လာခဲ့လိုက်သည်

သူရောက်လာတော့ဦးဂျွန်ကိုစာပို့လိုက်သည် သို့ပေမဲ့စာမပြန်သေးတာမို့အောက်ထပ်မှာပဲခနစောင့်နေလိုက်သည် ထိုစဥ်သူ့မျက်လုံးထဲတိုးဝင်လာတဲ့မြင်ကွင်းတစ်ခု

ဦးဂျွန်ကကောင်မလေးတစ်ယောက်ကိုကျောပိုးပြီးခေါ်လာတာဖြစ်သည် အဲ့ကောင်မလေးဟာလဲဦးဂျွန်ရဲ့ပုခုံးပေါ်မှီပြီးလိုက်ပါလာသည် ကြည့်နေရင်းသူ့စိတ်အခြေအနေဟာမကောင်းတော့တာမို့ပို့ထားတဲ့စာကိုပြန်ဖျတ်လိုက်ပြီး ထိုနေရာကနေထွက်လာခဲ့လိုက်တော့သည်

ကျောင်းကိုလဲပြန်မသွားချင်တော့မို့ Charlesအိမ်သို့ရောက်လာခဲ့သည် လူတစ်ယောက်မှလဲမတွေ့သည်မို့ဖုန်းခေါ်လိုက်တော့

"အေး taehyungပြော"

"မင်းအခုဘယ်မှာလဲ"

"အလုပ်ကိစ္စပေါ်လာလို့ဖားသားcompanyသွားနေတာ အခုအိမ်ပြန်တော့မလို့"

"အင်း ငါမင်းအိမ်ရောက်နေတယ်"

"ထူးထူးဆန်းဆန်းပါလား အေးအေး အိမ်ရဲ့pwလဲမင်းသိနေတာပဲဝင်နေနေလိုက်တော့"

"မြန်မြန်လာ"

"အေးပါကွာ"

ဖုန်းချလိုက်ပြီးCharlesအိမ်ထဲဝင်လာခဲ့လိုက်သည် အိပ်ခန်းထဲတန်းသွားပြီးဝင်ပစ်လှဲလိုက်သည်

Charlesအိမ်ကိုပြန်ရောက်လာတော့ ဖိနပ်ထားတဲ့နေရာမှာမဟုတ်ပဲဖြစ်သလိုချွတ်ထားတဲ့ဖိနပ်တစ်စုံကြောင့်ပြုံးသွားသည် ဒါဟိုငမွှေထိုးလေးကလွဲဘယ်သူမှမဖြစ်နိုင်

သူ့အိပ်ခန်းဆီပဲသွားလိုက်တော့ထင်တဲ့အတိုင်း ပုဇွန်ထုပ်လိုကွေးကွေးလေးအိပ်နေသည်​ဟူဒီခေါင်းစွတ်ကိုဆွဲကြုံ့ထားပြီး
ဒီအကျင့်ကtaehyungဝမ်းနည်းတဲ့အချိန်တိုင်းအဲ့လိုလုပ်နေကြ

တစ်ချက်ကြည့်ပြီးအဝတ်စားလဲခန်းထဲဝင်သွားလိုက်တော့သည် ​လဲပြီးပြန်ထွက်လာတော့taehyungကအိပ်နေဆဲ

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]Where stories live. Discover now