[part-7]

1.4K 88 7
                                    


"unicode"

"သိချင်တယ်ဆို ကိုယ်အခုပြောပြပေးမယ်လေ ဘလိုလဲချာတိတ်.."

taehyungမှာမလှုပ်မယှက်အသက်တောင်မရှူရဲ နီးကပ်လွန်းတဲ့အခြေအနေကြောင့်နှလုံးရောဂါရမတက် ဦးဂျွန်ရဲ့အသက်ရှူသံကစသူကြားနေရသည်...

"jungkookရေငါလာတယ်!!..အယ်.."

အသံလာရာဆီသို့နှစ်ယောက်စလုံးရဲ့အကြည့်တို့ရောက်သွားသည် အထုပ်တွေနဲ့အိမ်အပေါက်အဝမှာပါးစပ်ဟောင်းလောင်းနဲ့ကြည့်နေတဲ့ဂျင်..ထိုအခါမှအသိကပ်တဲ့taehyungဟာjungkookပေါ်ကနေရုန်းထွက်ကာအိမ်ပေါ်သို့တက်ပြေးသွားသည် jungkookဟာလဲကြောင်လျှက်သား

"wow wow.. amazing"

တwow wowနဲ့လက်ခုပ်တွေတီးကာအထုပ်တွေပစ်ချပီးjungkookအနားရောက်လာသည့်ဂျင် jungkookလည်းအရှက်ပြေဂုတ်ကိုလက်နဲ့ရှက်ကိုးရှက်ကန်ပွတ်နေမိသည့် ကင်မ်ဆော့ဂျင်ကတော့ပြုံးစိပြုံးစိနဲ့တဟီးဟီးရီနေသည်

"ငါမင်းရဲ့အချိန်ကောင်းလေးကိုဖျတ်ဆီးမိသွားတာလား ဟဲဟဲ မရည်ရွယ်ပါဘူးငါ့ကောင်ရာ"

"အေး မင်းကရောParisကနေဒီကိုညကြီးမိုးချုပ်ဘလိုရောက်လာတာလဲ"

"အဲ့တာနောက်မှမေး အခုငါမေးတာအရင်ဖြေ အဲ့ကောင်လေးကဘယ်သူလဲ မင်းရဲ့ချစ်သူလား ကြည့်ရတာအသက်ငယ်မဲ့ပုံပဲမင်းကလေးကိုမုန့်ပေးကြိုက်တာလား ဝါး ငါ့သူငယ်ချင်းရေခဲတုံးကောင်တောင်စွံသွားပြီပဲ"

ပြောချင်ရာတွေစွတ်ပြောနေတဲ့ဂျင်ပါးစပ်ကိုလက်နဲ့အ​မြန်ဆွဲအုပ်လိုက်ရသည် ဂျင်ကတော့တအုအုနဲ့ဝူးဝူးဝါးဝါးအော်နေသည်

"ဟာ မဟုတ်သေးဘူးကွ တိုးတိုးပြောစမ်းပါ ငါ့ကလေးလေးကြားသွားရင်အားနာစရာကြီး"

"မဟုတ်သေးဘူးဆိုတာ ဟုတ်တော့မှာကိုပြောတာလား ငါမှန်းရင်လွဲခဲတယ်နော်"

"အေးကွာ အဲ့လိုပြောရမှာပေါ့ ဒီတိုင်းငါကတဖတ်သတ် အဲ့ကလေးကဘာမှသိသေးတာမဟုတ်ဘူးရယ်"

သက်ပြင်းချပြီးမှိုင်သွားတဲ့jungkookကိုဂျင်ကြည့်ရင်းခေါင်းတခါခါ

"သနားစရာလေးပဲ ကျွတ် ကျွတ် ဆိုတော့ကာ မင်းကဖွင့်တောင်မပြောရသေးဘူးပေါ့"

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]Where stories live. Discover now