[part-25]

1.2K 72 3
                                    

"unicode"

အလုပ်ဆင်းချိန်ရောက်တော့မှာဖြစ်ပေမဲ့သူ့ပေါင်ပေါ်မှာအိပ်နေတဲ့ကောင်လေးငယ်ကိုမနှိုးဖြစ် တစိမ့်စိမ့်မေးထောက်ကာကြည့်နေမိသည်

"ငါ့အပိုင်လေးက ပြစ်ချက်မရှိအောင်မြတ်နိုးစရာကောင်းတာပဲ"

မျက်နှာပေါ်ကျနေတဲ့ဆံပင်လေးတွေကိုအသာဖယ်ပေးလိုက်သည်

ကြည့်နေရင်းအိပ်ချင်မူးတူးလေးနဲ့တဝါးဝါးသန်းကာနှိုးလာတဲ့taehyung

"အယ်..အိပ်ပျော်သွားတာပဲ"

"အွန်း အိပ်ရေးမဝသေးရင်ထပ်အိပ်လို့ရသေးတယ် အလုပ်ဆင်းဖို့မလိုတော့ဘူးဆိုပေမဲ့"

"အိပ်ရေးဝသွားပြီ ဦးရဲ့ပေါင်တွေနာကုန်တော့မှာပဲ ယောင်းကအကြာကြီးခေါင်းအုံးထားမိတယ် ဘာလို့မဖယ်လိုက်တာလဲ"

"ကိုယ်အဆင်ပြေတယ် ယောင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလို့မနှိုးတာ"

"ဘာကိုအဆင်ပြေတာလဲ"

ဟု၍taehyungတိုးတိုးလေးပြောမိသည်
အချိန်အကြာကြီးသူခေါင်းအုံးထားမိလို့အဆင်မပြေဖြစ်နေမှာကို

"မပြန်ချင်သေးဘူး..ဦးနဲ့မခွဲချင်ဘူး"

"အင်း ကိုယ်ရောပဲ ဒါပေမဲ့အိမ်ကိုတော့ပြန်ရမယ်လေကလေးလေးရဲ့"

"အလွမ်းဖြေလို့မဝသေးတာကို ဟွန်း အချိန်တွေကုန်တာမြန်လိုက်တာ"

"ဝါသနာက ဆိုင်ကယ်မောင်းပြိုင်တာလား
ကိုယ်အများကြီးသိထားရတယ်"

အရင်ကအရမ်းဆိုးခဲ့တဲ့အချိန်တွေကိုပြန်သတိရသွားတာကြောင့်
taehyungတစ်ယောက်တံတွေးကိုမသိမသာမျိုချလိုက်မိသည်

"အာ အဲ့တာကဟုတ်ပါတယ် ဦးကဘာတွေသိထားလို့လဲဟင်"

"အင်း အရင်ကအိမ်ကိုမကပ်ဘူးဆို အသက်မပြည့်သေးပဲအရက်သောက်တာရော ဆေးလိပ်သောက်တာရော မှတ်ပုံတင်အတုနဲ့ Clubတွေတတ်တာရော စုံနေတာပဲ အော ပြီးတော့ကျန်သေးတယ် ကျောင်းမှာလဲကျောင်းအုပ်ကြီးရုံးခန်းတွေခနခနရောက်တာကစသိထားတယ်"

taehyungငိုမဲ့မဲ့လေးဖြစ်သွားသည် ဒါတွေသိရင်ဦးဆီကအဆူခံရမှာမလွဲမသေ

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]Where stories live. Discover now