[part-20]

1.2K 74 11
                                    


"unicode"

jungkook မနက်အစောကြီး companyကိုသွားဖို့ပြင်နေတုန်း ကားထားတဲ့နေရာသွားတော့ သူ့ကားပေါ်မှာညှပ်ပြီးတင်ထားတဲ့စာအိတ်တစ်ခုကိုတွေ့တော့ တွေဝေသွားသည်

စာအိတ်ကိုယူလိုက်ပြီးကားထဲဝင်လိုက်ပြီးဖွင့်ကြည့်မိတော့ ဓာတ်ပုံအချို့ကိုတွေ့လိုက်ရသည် ထိုပုံတွေဟာ ယောင်းနဲ့yk companyက ညီကိုနှစ်ယောက်နဲ့ပုံတွေ..
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိပြီး နောက်ဆုံးကျန်တဲ့စာကိုဖတ်မိတော့

*kim taehyungကမင်းကိုလိမ်ထားတာ*

ထိုစာကြောင်းအပြင်တခြားစာကိုမရေးထား ဓာတ်ပုံတွေကိုကြည့်ရင်းကြောင်အနေမိသည် ရင်ထဲလည်းမီးစနဲ့ထိုးထားသလိုတဆစ်ဆစ်နဲ့ ဒေါသမီးတွေဟာတမြေ့မြေ့လောင်လာရ၏

သူယုံကြည်ထားတဲ့လူတွေကဘာလို့သူ့ကိုအဲ့လိုလုပ်သွားရတာလဲ??

"ဘာလို့လဲကွာ!"

jungkookရဲ့အော်သံသည်ကားတွင်း၌ပြန့်လွင့်သွားသည်

ထိုစဥ်jungkookရဲ့ဖုန်းသံမည်လာသည် ကြည့်လိုက်တော့သူ taehyungရဲ့အကြောင်းကိုစုံစမ်းခိုင်းထားတဲ့လူဖြစ်နေသည်
စိတ်ကိုထိန်းကာဖုန်းကိုင်လိုက်ပြီး

"ပြော..သိရပြီလား"

"......."

"ကောင်းပြီ နေ့လယ်ကြ ငါ့အပန်းဖြေစံအိမ်ဆီလာခဲ့လိုက်"

"......."

ဖုန်းကျသွားတာနဲ့ jungkook companyကိုသွားလိုက်သည် မနက်တပိုင်းပဲအလုပ်လုပ်ပြီး နေ့လယ်ရောက်တာနဲ့ companyကနေထွက်လာသည် ဆိုးလ်မှာရှိတဲ့jungkookစိတ်ပြေပျောက်ဖို့ဆောက်ထားတဲ့ အပန်းဖြေစံအိမ်ရှိသည် ဒေါ်လာနဲ့ချီပြီးပေးရတဲ့အိမ်ကြီးဖြစ်သည်

jungkook coffeeခါးခါးကိုထိုင်သောက်နေရင်း ခနနေတော့ ထိုလူရောက်လာသည် jungkookသူကွန်ဒိုမှာစနေကတည်းကစုံစမ်းခိုင်းထားခဲ့တာ

"boss...ဒီကိစ္စကိုရှာရလုံးဝခက်ပါတယ် သက်ဆိုင်ရာအကုန်လုံးမှာပိတ်ထားပြီး kim taehyungဆိုတဲ့လူဆိုတာဘယ်သူမှန်းမသိရခဲ့ပါဘူး ဒါပေမဲ့ကျွန်တော်ရအောင်စုံစမ်းရခဲ့ပါတယ် yk companyနဲ့ပက်သက်ပြီး kim taehyungကလူတွေကိုအသိမပေးရသေးတဲ့ညီအငယ်ဆုံးဖြစ်ပါတယ် ykရဲ့အာဏာနဲ့နေရာတိုင်းမှာကိုပိတ်ထားခဲ့တာဖြစ်လို့ဒီလောက်အချိန်ကြာနေရတာပါboss"

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]Where stories live. Discover now