[part-28]

1.1K 69 4
                                    

"unicode"

သူစောင့်ကြည့်နေစဥ်အချိန်အတွင်း အခေါက်ပေါင်းများစွာဆက်သွယ်ခဲ့တဲ့mr.jeon နောက်ဆုံးတစ်ခေါက်မှသူလက်ခံခဲ့ပြီး Soo Younကလဲနေသိမ်မကောင်းတာမို့မခေါ်ခဲ့တော့ပဲသူတစ်ယောက် mr.jeonနဲ့တွေ့ဖို့ဖြစ်လာတယ် 
သူ့သားငယ်လေးအတွက်ကြောင့်ပါတာပေါ့
ထိုလူငယ်ကိုအကဲခတ်ဆုံးဖြတ်သင့်တာဆုံးဖြတ်ရအောင်လို့ပေါ့

တွေ့ဖို့နေရာကိုသွားခဲ့ပြီး အသင့်စောင့်နေတဲ့mr.jeonကိုတွေ့ရသည် သူကိုလဲတွေ့ရောအခန့်သားထိုင်မနေပဲလေးစားမှု့နဲ့ထရပ်ပြီးနှုတ်ဆက်သည်

"ရောက်လာပြီပဲ တွေ့ရတာဝမ်းပါတယ်ဗျ"

"အင်း ထိုင်ပါ"

"mr.kimဘာများသုံးဆောင်ဦးမလဲ ကျွန်တော်မှာပေးထားရင်အကြိုက်မတွေ့မှာဆိုးလို့ပါ"

"ရပါတယ် မမှာပါနဲ့တော့ ဒီတိုင်းအဆင်ပြေတယ်"

"အော ဟုတ်ကဲ့.."

"အရင်ဆုံးပြောချင်တာကကျွန်တော့်ကိုလက်ခံတွေ့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"

" သားငယ်နဲ့ပက်သက်လို့mr.jeonနဲ့တစ်ချိန်ချိန်တွေ့ကြည့်ရမှာပဲလေ"

"ဟုတ်ကဲ့ ကျွန်တော်mr.kimရဲ့သားအငယ်ဆုံးလေးကိုလက်ထက်ယူဖို့အထိရည်ရွယ်ထားပါတယ် ယောင်းငယ်နဲ့စတွဲကတည်းကဘယ်တုန်းကမှပေါ့ပျက်ပျက်သဘောမထားဖူးလို့အဆုံးထိစဥ်းစားထားပြီးသားပါ"

သေချာအာရုံစိုက်ပြီးအလေးအနက်ပြောနေပုံ ထိုလူငယ်ရဲ့ပုံစံကတည်ငြိမ်ပြီးလူကြီးလူကောင်းဆန်သည်။

"သားငယ်ကkimတွေရဲ့အလိုလိုက်အကြိုက်ဆောင်ခံထားရတဲ့ကလေးပဲ ကိုယ်တို့တွေသူ့ကိုဘယ်တုန်းကမှမအော်ခဲ့ဖူးဘူး ဒါဟာအပိုတွေပြောနေတာမဟုတ်ဘူးဆိုတာmr.jeonလဲသိမှာပါ ဒီကလေးကမွေးကတည်းကယုယုယယနဲ့အချစ်ခံပြီးကြီးပြင်းလာတဲ့ကလေး စိတ်ရှုပ်ဒဏ်စိတ်ညစ်ဒဏ်တွေမခံနိုင်ဘူး ကလေးဆန်တဲ့စိတ်ရှိပြီးအရာရာမှာသူကဦးစားပေးခံရမှကြိုက်တာ တစ်ခါတစ်လေတဇွတ်ထိုးသူသိမ်ဆိုးတဲ့အချိန်တွေလဲရှိတာပဲ ဒါတွေကmr.jeonလိုလူအတွက်အဆင်ပြေနိုင်ပါမလားသိချင်မိတယ်"

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]Where stories live. Discover now