[part-29]

1.1K 70 5
                                    

"unicode"

'warning'
ကြိုသတိပေးထားခြင်းပါ မကြိုက်နှစ်သက်သူများကျော်ဖတ်နိုင်ပါသည်ခဗျာ။

လူဂုဏ်ထံအသိုင်းအဝိုင်းတို့နေသည့်ရက်ကွက်တစ်ခုရဲ့စံအိမ်တွင်..။

စားပွဲပေါ်ချပေးလာတဲ့စာအိတ်တို့ကိုmr.kimတစ်ယောက်ဖွင့်ဖောက်ကြည့်ရင်း ကျေနှပ်သလိုပြုံးသွားသည်။

ထိုပုံတွေကလူတွေလေးစားအားကျရသော Jeon JumSeongရဲ့လူတွေမသိသေးသောတစ်ဖက်ခြမ်းရဲ့ပုံရိပ်တွေပင် အသက်မပြည့်သေးတဲ့ကျောင်းသူတွေနဲ့ပျော်ပါးသောက်စားနေတဲ့ပုံတွေဟာရွံရှာဖွယ်ရာအတိ။

"သိမ်တော်တယ် ငါလိုချင်တာလဲဒါပဲ"

"အဲ့တာလေးတွေပါဖြန့်ပေးလိုက်ရင် အဲ့လူ companyရဲ့imageတော်တော်ကျသွားမှာအသေချာပဲ"

"ငါလိုချင်တာအဲ့တာပဲလေ ဒါကပါးပါးလေးပဲရှိသေးတယ်မလား အဓိကတင်ထားတဲ့platformမှာတင်ထားတဲ့ဟာကိုဖြုတ်ချလို့မရအောင်လုပ်လိုက်ပါ"

"အိုကေ ဒါကတော့စိတ်ချ ငါ့တူကိုထိထားတာမှတ်လောက်အောင်လုပ်ပေးမှာ"

"ပုပ်သိုးနေတဲ့အပုပ်အပွတွေပေါ်လာရင်ပက်ရမ်းပြီးမြေလှန်ရှာတော့မှာပဲ"

"ဒါပေါ့ ခွေးရူးပက်ရမ်းသလိုဖြစ်နေမှာ"

"သေချာတာပေါ့ ကဲငါပြန်တော့မယ် ဓာတ်ပုံတွေအတွက်ကျေးဇူးပဲ"

"မလိုတာ အဲ့ကောင်ကိုအထိနာအောင်လုပ်ပေးဖို့ဆိုရင်အကူအညီလိုရင်ငါကအဆင်သင့်ပဲ "

"ဟုတ်ပြီ အကူအညီလိုရင်ပြောမယ်"

ပြုံးလျှက်အိမ်ထဲကထွက်သွားသည့်mr.kim
ကားပေါ်ရောက်တာနဲ့ဖုန်းကိုထုတ်ကာ မီဒီယာတစ်ခုရဲ့အကြီးအကဲတစ်ခုဆီဆက်သွယ်လိုက်သည်။

"ဟေ့ ငါတို့မတွေ့ရတာကြာပြီ မင်းတို့အတွက်အလုပ်တစ်ခုရထားတယ်"

"အိုကေ ချိန်းထားတဲ့နေရာဆီလာခဲ့ အကောင်ကြီးထဲကမို့စိတ်ချ"

"ဟား မလိုဘူး မလိုပါဘူး ဟုတ်ပါပြီ"

ဖုန်းချလိုက်ပြီးmr.kimတစ်ယောက် ဟက်ကတည်းရီလိုက်သည်။

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]Where stories live. Discover now