[part-38]

983 63 10
                                    


"unicode"

ဖက်အိပ်စရာတစ်ခုခုပါမှအိပ်ပျော်တဲ့ကောင်လေးငယ်အကျင့်ကိုသိလို့သူ့ခေါင်းအုံးကိုလက်လေးထဲထည့်ပေးလိုက်သည်

"jeon.."

"အော ameliaပြောလေ"

"အဲ့ကောင်လေးကjeonနဲ့ဘလိုပက်သက်လဲ"

"အင်း ဒါကိုယ့်နှလုံးသားလေးလေ"

မထင်မှတ်ထားတဲ့အဖြေကြောင့်မသိချင်ယောင်ဆောင်ပြီးမျက်နှာပြောင်တိုက်မေးတဲ့ameliaမှာမျက်နှာပျက်သွားရသည်

"အော..ဟုတ်ပါပြီရှင် မေးကြည့်တာပါ"

ameliaလည်းဆက်စကားမစဖြစ်တော့
jungkookကအဲ့ကောင်လေးကိုပဲအရိပ်တကြည့်ကြည့်နေတာမလို့ အမြင်ကပ်စရာကောင်းလှသည်

အဲ့ဒီကောင်နဲ့jeonကိုတကယ်တွဲမမြင်ချင်ဘူး မုန်းလွန်းလို့ ဒါပေမဲ့kim taehyungကjeonဆီမှာသဲသဲလှုပ်အချစ်ခံရတာကိုသူမအတိုင်းသားမြင်နေရသည်

စိတ်တိုစရာပဲ!

စိတ်မကြည်လာတာမို့မျက်လုံးအတင်းမှိတ်ချပစ်လိုက်ရင်း အိပ်ဖို့သာကြိုးစားလိုက်တော့သည်

သူမတရေးနိုးလာတော့ jeonတို့ဘက်ကိုလည့်ကြည့်လိုက်သည် သို့ပေမဲ့ ထိုသို့လည့်ကြည့်လိုက်ခြင်းက သူမသိမ်မှားသွားတာပဲ

"Baby မဆိုးရဘူးကွာ အစာတစ်ခုခုတော့စားရမယ်"

"ဟင့်အင် ယောင်းနေ့လယ်စာမစားချင်ဘူး
ဒီကအစားအစာတွေမကြိုက်ဘူး"

"....."

ဦးဂျွန်ကဘာမှဆက်မပြောလာတော့ထသွားသည် ငြင်းလိုက်တာကြောင့်စိတ်ဆိုးသွားတာလား? အောက်နှုတ်ခမ်းနုနုလေးကိုဖိကိုက်လိုက်ရင်းမျက်နှာလေးငယ်သွားသည်

"ဦးကစိတ်ဆိုးသွားတာလားမသိဘူး ဘလိုလုပ်ရမလဲ"

ထင်တာနဲ့ကွဲလွဲစွာ အေပရွှန်ကိုဝတ်ထားလျှက် အစားအသောက်တွေတင်ထားတဲ့လှည်းကိုတွန်းပြီးထွက်လာတဲ့ဦးဂျွန်...

taehyungထိုင်နေတဲ့ခုံနားမှာရပ်လိုက်တော့
မျက်လုံးဝိုင်းလေးတွေjungkookမျက်နှာကိုကြည့်လာသည် ဘေးကလေယာဥ်မယ်လေးကောပါလာသည်

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]Where stories live. Discover now