[part-12]

1.2K 75 7
                                    

"unicode"

namjoonသူတို့စံအိမ်ကိုပြန်လာတော့ yoongiနဲ့တန်းတွေ့သည် ထိုအခါyoongiကမျက်နှာအရိပ်အကဲပြကာ Libraryအခန်းထဲခေါ်သွားသည်

"ကဲပြော ငါတို့babyလေးအကြောင်းကောဘာထူးလဲ"

"အဆင်ပြေနေတယ်.. အရေးကြီးတာကအဖေပြန်လာဖို့မလိုတော့ဘူး ငါ့ကိုဖုန်းဆက်လှမ်းပြောတယ် အဲ့ကိစ္စဘလိုလုပ်မလဲ"

"ဘာ! ပြောတော့အဲ့မှာငါးလနေမယ်ဆိုဘလိုဖြစ်ရတာလဲ"

"မသိဘူး ရုတ်တရပ်ကြီးငါ့ကိုဖုန်းဆက်ပြောတာ ထယ်လေးပြန်မလာသေးဘူးလားပဲဆက်တိုက်မေးနေတာ ငါကွေ့ပက်ပြောနေရတာမလွယ်ဘူး"

"Babyလေးကိစ္စအမှန်ကိုသာသိရင်မင်းရောငါရောအကုန်သေမှာပဲ ဘယ်တော့ပြန်လာမှာတဲ့လဲ"

"နောက်သုံးပက်နေရင်"

"ငါကြည့်အချိန်ဆွဲပေးထားလိုက်မယ်yoongi မင်းသာBabyလေးကိုအဆက်အသွယ်ရဖို့တစ်ခုခုကိုလုပ်ပြီးအကြောင်းကြား"

"ဟုတ်ပြီ မင်းစေ့စပ်ပွဲအကြောင်းငါကြားတယ် မင်းခင်ပွန်းလောင်းလေးကထွက်ပြေးသွားတာဆို"

ထိုအကြောင်းမေးတော့namjoonစိတ်ရှုပ်စွာဆံပင်ကိုထိုးဖွလိုက်မိသည်

"အင်း ဟုတ်တယ် မနေ့ကငါသူ့ကိုတွေ့လာသေးတယ် koreaမှာငါနဲ့လက်မထက်ချင်လို့လာပုန်းတာတဲ့ ဟက်.."

"မင်းကိုငြင်းမဲ့သူပေါ်လာပြီပဲ ဝမ်းသာပါတယ်"

"ီးကိုဝမ်းသာပါတယ်..အဲ့အကြောင်းတွေးတိုင်းခံပြင်းလွန်းလို့သေတော့မယ်"

namjoonဆဲလိုက်တော့yoongiကဟက်ဟက်ပက်ပက်ရီသည်

"ဆိုတော့မင်းကစေ့စပ်ပွဲကိုဖြတ်မှာလား"

"အစကငါ့မာနထိခိုက်လို့ဖြတ်မလို့ပဲ ဒီစေ့စပ်ပွဲကအဖေအတင်းစီစဥ်ပေးတဲ့အရာပဲလေ အခုကအတွေးပြောင်းသွားပြီ အဲ့လူကိုရအောင်လက်ထက်ပြမယ်"

"မချစ်ပဲနဲ့မင်းကဘာလုပ်မှာလဲ အိမ်ထောင်တစ်ခုတည်ထောင်တာလွယ်တဲ့အရာမဟုတ်ဘူး ချစ်မိသွားရင်မင်းပဲစောက်ပြသနာတက်မှာနော်namjoon"

"စိတ်ချစမ်းပါ ငါလိုကောင်ကkim seokjinကိုချစ်မိသွားစရာဘာစောက်ကြောင်းမှမရှိဘူး "

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]जहाँ कहानियाँ रहती हैं। अभी खोजें