[part-24]

1.3K 68 8
                                    


"unicode"

jungkookနဲ့taehyungတို့ပြန်အဆင်ပြေသွားပြီး မအိပ်ချင်တော့ဘူးဟုဆိုကာဂျီတိုက်နေတဲ့taehyungငယ်ကိုjungkookလည်းအတင်းမအိပ်ခိုင်းတော့ပဲ စကားတွေအတူပြောဖြစ်ကြပြီးအတိုးချအလွမ်းသယ်နေတော့သည်..။

"ဒါနဲ့ဦးကဘာလို့ယောင်းအခန်းထဲရောက်နေတာလဲ..ဘလိုလုပ်ပြီးတော့?"

"အစကမနက်မှပဲလာတွေ့မလို့ပဲ..ဒါပေမဲ့ညဘက်ကြီးအရမ်းလွမ်းလာလို့...ပြီးတော့အချိန်က​နောက်ကျနေပြီဆိုတော့အိပ်ရေးပျက်အောင်မနှိုးချင်တော့ဘူးလေ အဲ့တာကြောင့်
ကလေးလေးတို့အုတ်တတိုင်းကိုကျော်တက်ပြီးဝင်လာတာ..""

jungkookကရှက်ဝဲဝဲဂုတ်ကိုလက်နဲ့ပွတ်ကာရယ်ပြီးပြောလာသည်

"Bodyguardsတွေကော သူတို့ကင်းစောင့်နေတာ ဦးကိုတွေ့သွားသေးလား"

စိုးရိမ်စွာမေးလာတဲ့ကောင်လေး..

"သူတို့အလစ်ဝင်လာတာပေါ့ကလေးလေးရဲ့ပြတင်းပေါက်လဲသေချာပိတ်ထားတာမဟုတ်လို့ကိုယ့်အတွက်လွယ်လွယ်ကူကူဖြစ်သွားတာပေါ့"

"အွင်းပါ ..ဦးဂျွန် ဒါမျိုးလဲတက်တာပဲလား လူရိုးကြီးဆိုတော့မလုပ်တက်လောက်ဘူးထင်ထားတာ"

ပြုံးစိစိမျက်နှာဘေးဖြင့် jungkookမျက်နှာတိုးကပ်လာကာစသောtaehyungငယ်ကြောင့်jungkookနားရွက်ဖျားတွေရဲတက်သွားသည်

ဒါကိုသတိထားမိသွားတဲ့taehyungမှာသဘောတကျရယ်တော့တယ်..။

"အိုက်ဂူး ဦးဂျွန်ရှက်နေတာကချစ်စရာကြီး ဟီးဟီး"

"လူကြီးကိုကွာ..."

"ဦးဂျွန်က ကလေးလေးပါ"

"ကလေးလေးရယ် ဆက်မစပါနဲ့တော့"

jungkookမနေတက်တော့ပါ လူကြီးကိုမရှက်ရှက်အောင်စနေတဲ့ကလေးဆိုးလေးကိုသူမနိုင်..။

"ဟုတ်ပါပြီ" ရှက်အောင်မစတော့ဘူးနော် ဟီး"

ခနအကြာjungkook taehyungလက်လေးကိုဆုပ်ကိုင်လိုက်ပြီး ခပ်ဖွဖွနမ်းရှိုက်လိုက်သည်...taehyungမှာရင်တွေတလှပ်လှပ်နှင့်ပင်ဦးဂျွန်ကသူ့ကိုရူးသွားစေလောက်အောင်လုပ်နိုင်စွမ်းရှိတယ်..။

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]Where stories live. Discover now