[part-22]

1.2K 76 5
                                    

"unicode"

jumgkook..taehyungဆေးရုံအခန်းရှေ့ထိုအဖြစ်အပျက်လေးကိုတိတ်တိတ်လေးကြည့်နေရင်း ပြုံးသွားသည်

ဒီပုံရိပ်လေးကိုမတွေ့ရတာနည်းနည်းကြာပြီမဟုတ်လား...မှိုင်မနေပဲရွှင်ပြလာတဲ့မျက်နှာလေးကြောင့်jungkookစိတ်ချမ်းသာရရပါသည်။

ရပ်ကြည့်နေမိတုန်း အမျိုးသမီးကြီးတစ်ယောက်ကသူ့ရှေ့ကိုလာရပ်တာကိုကြည့်မိတော့ ထိုအမျိုးသမီးကလဲjungkookကိုစူးစမ်းနေဟန်

"သားငယ်လေးဆီကို လာတာလားမသိဘူး?.."

"အာ...ဟုတ် taehyungအခြေအနေလာကြည့်တာပါ သူအဆင်ပြေနေရဲ့လားလို့"

"လာကြည့်တာဆိုအခန်းထဲဝင်တွေ့သွားမှပေါ့လူလေးရဲ့ taehyungလေးရဲ့သူငယ်ချင်းလား တစ်ခါမှမမြင်ဖူးဘူးပဲ"

"ရပါတယ်ဗျ မဝင်တော့ပါဘူး ကျွန်တော်ကအလုပ်ရှုပ်​နေတာများတော့ မတွေ့ဖူးတာဖြစ်လိမ့်မယ်"

"အော..အဲ့လိုကို ဟုတ်ပါပြီ"

ကောင်လေးရဲ့အမေဖြစ်သူထင်သည်
ပထမဆုံးတွေ့ခြင်းမလို့အနည်းငယ်တော့
နေရခက်သည်

အစကအခန်းရှေ့ထားထားမလို့လုပ်ထားတဲ့ကျူလစ်ပန်းစည်း​လေးကိုကြည့်မိရင်းအကြံရသွားသည်

"အန်တီ..ဒီပန်းစည်းလေးကို taehyungငယ်ကိုပေးပေးလို့ရမလား..."

သူမကြည့်လိုက်တော့ကျူလစ်အဝါရောင်နဲ့ပန်းစည်းလေး သိမ်လှသည်

"ဟုတ်ပြီ..အန်တီပေးပေးမယ်နော်"

"ကျေးဇူးပါအန်တီ.."

"ရပါတယ်ကွယ် မလိုပါဘူး"

"ဒါဆိုခွင့်ပြုပါဦး အန်တီ..ပြီးတော့လေ ကျွန်တော်လာသွားတာကို taehyungကိုမပြောလို့ရလား ပန်းစည်းကိုကောသူမေးရင်တခြားမသိတဲ့လူတစ်ယောက်ပေးသွားတာလို့ပြောပေးလို့ရမလားခဗျာ.... သူနဲ့နည်းနည်းစကားများထားလို့ဗျ အဲ့တာကြောင့်ပါ..."

"ဟုတ်ပါပြီ..အန်တီနားလည်ပြီ"

"ထပ်ပြီးကျေးဇူးတင်ပါတယ်အန်တီ.."

"ရပါတယ် ဂရုစိုက်သွားပါလူလေး"

Kim Soo Younသူမပြုံးပြပြီးပြောလိုက်သည် အော်ကလေးတွေ သံယောဇဥ်လည်းမပြတ်နိုင်ကြပဲ ရန်ဖြစ်ထားတယ်နှယ့်တူပါတယ် သည်ကောင်လေးကသူမသားငယ်ကိုစိုးရိမ်နေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေသည်ကို သူမခပ်လှမ်းလှမ်းကနေမြင်ခဲ့ရတာ...။

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]Where stories live. Discover now