[part-39]

840 56 4
                                    


"unicode"

နိုးလာတော့နာကျက်ကိုက်ခဲနေတဲ့ခေါင်းနဲ့ မူးနောက်နောက်ဖြစ်နေသည် မျက်လုံးဖွင့်ကြည့်တော့သူရောက်နေတာကဟိုတယ်ကအခန်းမဟုတ်တော့ ချက်ချင်းကုတင်ပေါ်ကထထိုင်မိသည်

"အာ..မနေ့ညကငါဘာဖြစ်သွားတာလဲ ကျစ်"

ခေါင်းကိုနာနာထိပြီးစဥ်းစားနေပေမဲ့စဥ်းစားမရ အခန်းတံခါးကိုဆွဲဖွင့်ပြီးဝင်တဲ့သူ ကောင်လေးရဲ့မျက်နှာဟာတင်းမာနေတာကိုသတိထားမိသည်

"ယောင်း ကိုယ်ဘယ်ရောက်နေတာလဲ"

"အမူးပြေဟင်းရည်လုပ်ပေးထားတယ်အရင် သောက်လိုက်ပါ"

"အဲ့တာကထားပါ ကိုယ်မေးတာဖြေပါဦး"

"ဒါယောင်းရဲ့ဦးလေးအိမ်ကိုရောက်နေတာ"

"ဟင် ဘလိုရောက်လာတာလဲကိုယ်က"

"မမှတ်မိဘူးလား ထားပါတော့ ယောင်းခေါ်လာတာဦးကို"

"ဟိုတယ်ကဘာဖြစ်လို့လဲ ကိုယ်ညကမူးပြီးအိပ်ပျော်သွားတာပဲမှတ်မိတယ်"

ပြောသင့်မပြောသင့်taehyungစဥ်းစားနေမိသည် ဒါပေမဲ့ပြောသင့်တယ်လို့ထင်သည်
ဦးဂျွန်ကိုအသိပေးတာပိုကောင်းပါတယ်

"ပြီးမှပြောပြမယ် အရင်မျက်နှာသစ်လိုက်ဦး ယောင်းဧည့်ခန်းကစောင့်မယ်"

အခန်းကထွက်သွားတော့ jungkookလဲစိတ်ထဲတစ်မျိုးဖြစ်နေသည် ယောင်းမျက်နှာကပုံမှန်မဟုတ် တစ်ခုခုရှိနေလို့ပဲ ဖြစ်မှာ

မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီး ကောင်လေးလုပ်ပေးတဲ့အမူးပြေဟင်းရည်သောက်လိုက်ပြီး ဧည့်ခန်းသို့ထွက်လာခဲ့တယ်

"ကိုယ်ရောက်ပြီ"

"မနေ့ညက ပြသနာတစ်ခုဖြစ်သွားတယ်
ယောင်း ameliaခေါင်းကိုရိုက်ခွဲမိသွားတယ်"

"ဘလို?.."

"အင်း ဒေါသအရမ်းထွက်နေခဲ့လို့လုပ်မိသွားတယ် ဦးယောင်းကိုမဆူဘူးမလား"

"ကိုယ့်ကိုပြသနာအရင်းမြစ်ကိုပြောပြပါဦး"

ပြသနာအစကနေအဆုံးထိပြောပြတော့

"ဘာဖြစ်သွားသေးလဲ"

"အာ ameliaလား သူခေါင်းသုံးချက်ချုပ်လိုက်ရတယ်ကြားတယ်"

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]Where stories live. Discover now