[part-8]

1.3K 94 8
                                    


"unicode"

မနက်ခင်းရဲ့အလင်းရောင်ကပြတင်းပေါက်မှန်ကနေတဆင့်အခန်းတွင်းကျရောက်နေပြီး ကုတင်ထက်လူနှစ်ယောက်ဟာလဲအိပ်နေဆဲဖြစ်သည် အနည်းငယ်သေးညှပ်သည့်ကောင်လေးကjungkookရင်ခွင်ထဲမှာအံဝင်ခွင်ကျပင် မနက်6နာရီထိုးပြီဖြစ်လို့jungkookဟာနိုးလာခဲ့သည်သူ့ရင်ခွင်ထဲက ကလေးငယ်သည်အိပ်နေဆဲဖြစ်သည် ကလေးငယ်နဲ့အတူနိုးထရတဲ့မနက်ခင်းတိုင်းဟာသူ့အတွက်နွေးထွေးဖွယ်ရာ အိပ်နေတဲ့ကလေးလေးရဲ့နဖူးကိုနမ်းပြီးအသာလေးထသွားသည့်jungkook နှိုးနေပြီဖြစ်တဲ့taehyungငယ်မှာပြုံးယောင်သန်းသွားသည်ကိုတော့jungkookမမြင်လိုက်၊

တကယ်ဆိုtaehyungမနက်6နာရီမထိုးခင်ကတည်းကနိုးနေတာဖြစ်သည် ဦးဂျွန်ရင်ခွင်ထဲမှာသူဟာနှစ်မြှုပ်နေလျှက် ဒီအခြေအနေလေးကိုသူသိမ်သဘောကျသည် ချစ်ရသူရဲ့ရင်ခွင်မှာအိပ်စက်ပြီးနိုးလာတဲ့မနက်ခင်းတိုင်းမှာကြည်နူးခြင်းများအပြည့် ဦးဂျွန်ကိုငေးကြည့်နေရင်းအချိန်ကုန်သွားတာတောင်မသိလိုက်..မကြာခင်နိုးလာတဲ့ဦးဂျွန်ကြောင့်အမြန်မျက်လုံးမှိတ်ပြီးအိပ်ချင်ယောင်ဆောင်လိုက်ရသည် အတော်အတန်ကြာသူ့ကိုငေးကြည့်ပြီးသူ့နဖူးကိုနမ်းသွားသည့်ဦးဂျွန်ကြောင့်အပြုံးတွေဟာဖုံးဖိမရ

ဦးလေးကြီးဂျွန်ဂျွန်ကိုချစ်တဲ့စိတ်တွေဟာပိုတိုးလို့လာခဲ့သည်

ဦးဂျွန်ကိုချစ်လိုက်တာဗျာ...။

မနက်စာကိုအတူတူစားခဲ့ပြီးဒီနေ့ဟာဆေးရုံပြရက်ရောက်လာတာမလို့ဦးဂျွန်ဟာအလုပ်ကိုတရက်နားထားသည် သူများနဲ့သွားလိုက်လဲရပေမဲ့ဦးဂျွန်ကိုယ်တိုင်ကတကူးတကအလုပ်နားပြီးလိုက်ပို့ပေးသည့်အတွက်အားနာရသလိုအချစ်လဲပိုရသည် ဦးဂျွန်ရဲ့ဂရုစိုက်မူ့တွေကြားသူဟာပျော်ဝင်နေမိသည်

ဆေးရုံထဲရောက်တော့အနည်းငယ်စောင့်ရသည် ထိုနည်းတူစောင့်နေတဲ့အမျိုးသမီးနဲ့အမျိုးသားတို့မှာလဲtaehyungဘေးကjungkookကိုကွက်ကြည့်ကွက်ကြည့်နဲ့တချို့ကပေါ်တင်စိုက်ကြည့်နေကြသည် taehyungသဝန်တိုလာတာမလို့ဦးဂျွန်လက်ကိုဆွဲပြီးပုခုံးပေါ်မှီလိုက်တော့ ကြည့်နေကြတဲ့အမျိုးသမီးတချို့မှာမျက်နှာတွေပျက်သွားကြသည်

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]Where stories live. Discover now