[part-19]

1K 70 11
                                    


"unicode"

5 ရက်လုံးလုံးjungkookက companyနဲ့ကွန်ဒိုနဲ့ပဲသွားလာနေသည် taehyungကိုအတွေ့မခံသလို အလုပ်ရှုပ်နေတဲ့အကြောင်းပြချက်နဲ့ငြင်းထုတ်သည်။

သို့ပေမဲ့လည်း နေ့တိုင်းဆော့ဂျင်ဆီဖုန်းဆက်ပြီး taehyungဘာလုပ်နေလဲကစမေးပြီး ဂရုစိုက်ခိုင်းသည် jungkookကိုယ်တိုင်မသွားဖြစ်ပေမဲ့ အနောက်ကနေtaehyungကိုကြည့်ခိုင်းထားကာ ဂရုစိုက်ပေးနေတာကိုtaehyungမသိပါ။

ဦးဂျွန်မရှိတဲ့ညတွေနေ့တွေဟာအထီးကျန်ဆန်လွန်းလှတယ်..ညတိုင်းထွေးပွေ့ပေးတဲ့ရင်ခွင်တစ်စုံမရှိတော့ ကောင်းကောင်းအိပ်လို့မပျော်အိမ်မက်ဆိုးတွေမက်သည်..၊

သူဦးဂျွန်လွမ်းလို့ငိုမိတဲ့နေ့တွေရှိသည် ကလေးဆန်နေပေမဲ့မတတ်နိုင်ခဲ့ သူ့နှလုံးသားကဦးကိုလွမ်းတဲ့ဒဏ်မခံနိုင်ပါ

5ရက်လုံးဖုန်းတစ်ချက်မဆက်တဲ့ဦးဂျွန်ဟာနေနိုင်လိုက်တာ..သူ့ဘက်ကဖုန်းစဆက်တိုင်းလဲလိုင်းမအားသေးပါ နဲ့ကြည်ပဲတိုး၏
သူ့ဖုန်းကိုမကိုင်တဲ့ဦးဂျွန်ကြောင့်ယောင်းပိုဝမ်းနည်းရပါတယ်..

အဆင်ပြေရဲ့လား အလုပ်တွေရှုပ်နေလို့လားစသဖြင့်မေးချင်ခဲ့တာ ဆက်သွယ်လို့မရတဲ့အပြင် companyကိုသွားတိုင်းအကြောင်းပြချက်မျိုးစုံနဲ့ငြင်းထုတ်တယ်

သူဘာအမှားလုပ်မိခဲ့လို့လည်း..ဦးဂျွန်ကသူ့ကိုစိတ်ဆိုးနေတာလား..စိတ်ဆိုးနေရင်လဲကျေနှပ်တဲ့အထိတောင်းပန်ချင်ပေမဲ့ မျက်နှာလေးတောင်မမြင်ရတဲ့ဘဝပဲ..။

ငိုနေမိတာဘယ်နှစ်ခါမှန်းမသိ...ဦးဂျွန်ပစ်ထားတာခံရတာ နာကျင်ရတယ်..အဲ့ဒဏ်ကိုမခံစားနိုင်တာကိုသိရဲ့သားနဲ့ဦးကသူ့ကိုပစ်ထားတာ..။

"ဦးဂျွန်ကရက်စက်လိုက်တာ....ကျွန်တော့်ကိုစိတ်အရမ်းဆိုးနေလို့ဆိုရင်လဲ တွေ့ခွင့်လေးပေးသင့်တာပေါ့..ကျွန်တော်ဘက်ကဒူးထောက်တောင်းပန်ရတောင်းပန်ရ ရအောင်တောင်းပန်ပြီးချော့မှာ..ဦးဒီလိုပစ်ထားတာ ယောင်းရင်တွေနာလိုက်တာ.."

တစ်ယောက်ထဲစကားတွေပြောပြီးတစ်ငိုငိုနဲ့ဖြစ်နေသည့်taehyungကိုဆော့ဂျင်မြင်နေရသည်...။

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]Where stories live. Discover now